26x(Zawgyi&Unicode)

26.5K 852 45
                                    

"ဦးမြတ်နဲ့ ဦးရိပ် မြန်မြန်လုပ်လို့ ကြာလိုက်တာဆိုတာ တကယ်ပါပဲ"

အခန်းရှေ့ကနေ ဖင်ကုန်းအော်နေတဲ့သစ်အသံကြောင့် ဘောင်းဘီဇစ်တောင်မဆွဲနိုင်တော့ပဲ သစ်ရှေ့ကိုနှစ်ယောက်သား အမြန်သွားရတော့သည်

"သစ်ရာ အစောကြီးရှိပါသေးတယ်ကွာ ဘာတွေလောနေတာလဲ"

ဘောင်းဘီဇစ်ကိုဆွဲတင်ရင်း ရိပ် ရန်ထောင်လိုက်တော့ သစ်ကမျက်စောင်းခပ်ကြီးကြီးထိုးကာ

"ဦးရိပ်ကလည်း တကယ်ပါပဲ ကိုယ့်ဘက်က‌စောစောရောက်နေမှ အချိန်လေးစားရာကြမှာပေါ့ နော် ဦးမြတ်?"

သူတို့ဟာသူတို့ဖြစ်တဲ့ပြဿနာကို ဘယ်တော့မှကိုယ့်ဟာကိုယ်မရှင်း အမြဲတမ်း လူမိုက်ငှားတတ်တဲ့ သစ်အ‌ကြောင်းကိုသိနေတဲ့ သတိုးမှာ အလိမ်မာနည်းနဲ့ရှောင်ရတော့သည်

"ရေဆာလိုက်တာ ခဏလေးနော် ရေလေးသွားသောက်လိုက်ဦးမယ်"

သတိုးထွက်သွားတော့ သစ်က ထအော်ကာ

"တော်ပြီ ဘာမှန်းလည်းမသိဘူး တအားကြာတာပဲ
ကိုယ့်ဟာကို Taxiငှားသွားမယ်"

တားချိန်တောင်မရအောင် လှစ်ခနဲပြေးထွက်သွားတာမို့ ရိပ်မှာ ဘာမှတောင်ပြောချိန်မရလိုက်

တကယ်ကို စိတ်မြန်လက်မြန်ဖြစ်လာတဲ့ကလေးလေးပါပဲ တကယ့်ကိုအဆိုးလေးဖြစ်လာပြီ

သစ်ထွက်သွားပြီး ခဏနေမှ သတိုးပြန်ရောက်လာကာ

"သစ် ဘယ်ရောက်သွားပြန်တာတုန်း"

"Taxiငှားသွားမယ်တဲ့ ထွက်သွားပြီ"

"ဟောဗျာ"

"ကိုကို ရိပ်တို့ ဟိုDrဆီသွားရအောင်လေ ဘာများသတင်းထူးမလဲ သွားးမေးကြည့်ချင်လို့"

"ဟိုကိုယ်တော်ကကောက်တော်မူဦးမယ်"

"ရပါတယ် ကိုကိုရဲ့ ရိပ်ချော့မယ်"

"Ok အဲ့တာဆိုလည်းမြန်မြန်၀င်ကြတာပေါ့"

"အင်း"

🍃

*ငါပြောသားပဲ မင်းကိုသေချာရှင်းပါလို့ အခုတော့ ရှုပ်ကုန်တော့မယ်*

Oh !Where stories live. Discover now