"ဦးမြတ်ရေ"
"ဟင် သစ်ပြောလေ"
"သစ် အိမ်ခဏပြန်ချင်လို့"
"ဘာလို့လဲ သစ်ရဲ့ ဒီမှာပျင်းလို့လား??"
"သစ်ပြန်ချင်တယ်ဆိုတာ ဖေဖေတို့အိမ်ကိုပြောတာပါ
ကျောင်းပိတ်နေတာတောင် ပြန်မလာလို့ဆိုပြီး လှမ်းဆူနေလို့""ဟမ် ဘယ်မှာပိတ်လို့တုန်း"
"စာမေးပွဲနီးတော့ သစ်ကျောင်းမသွားတော့တာ ဖေဖေတို့ကသိတယ်လေ နော် ဦးမြတ် သစ်ဟိုကနေပဲစာမေးပွဲဖြေလိုက်မယ် ပြီးမှပြန်လာတော့မယ်နော်"
"အဲ့လောက်အကြာကြီးလား??"
"ဦးမြတ်ကလည်းကွာ ကလေးလည်းမဟုတ်ပဲနဲ့ကိုကွာ ခဏပဲဟာကို"
"အိုကေ အိုကေ သစ်သဘော"
"ဟီး ပြီးရော"
"ဪ နေဦး ပြန်တာကပြန်လိုက်ရတယ် ညတိုင်း video callပြောရမယ်နော် ဖုန်းဆက်တိုင်းကိုင်ရမယ် Night outမထွက်ရဘူးနော်"
"ဟာဗျာ ဦးမြတ်ကလည်း"
ဒိုင်းခနဲရောက်လာတဲ့ အကြည့်စူးစူးကြောင့် သစ် ဇက်ကလေးပုသွားကာ
"အင်း နားထောင်မယ်"
"စိတ်ချမယ်နော် သစ် ဒီကိစ္စရိပ်ကိုရောပြောပြီးပြီလား?? "
"အင်းပြောပြီးပြီး သစ်သဘောတဲ့ ဒါပေမယ့်သူလိုက်ပို့မယ်တဲ့"
"အင်းပြီးရော စိတ်ချမယ်နော် ဘယ်နေ့သွားမှာလဲ"
"မနက်ဖြန်လောက်ပေါ့"
လှည်းတန်းမှာရှိတဲ့အိမ်ကိုပြန်မှာကို စမ်းချောင်းက ညီအကိုနှစ်ယောက်ကလွမ်းသတဲ့
အချိန်မရွေးပြေးလာတွေ့လို့ရနေတာပဲလို့ မပြောပါနဲ့ သစ်ဖေဖေကစည်းကမ်းကြီးလွန်းလို့ ဖေဖေ့ရှေ့ဆို သစ်က အပိုးကျိုးကျိုးနေရတာ
အဲ့လိုစည်းကမ်းကြီးလွန်းလို့လည်း သစ် တမင်တကာကို အဆောင်နေမယ်လို့ ဆန္ဒပြပြီး မေမေ့ဆီကအထောက်အပံ့နဲ့ အိမ်ခွဲနေခဲ့ရသည် ဒါမှလုပ်ချင်တာလုပ်လို့ရမှာလေ
စာမေးပွဲကလည်းနီးနေပြီဆိုတော့ မသွားလို့ကလည်းမဖြစ် အစထဲက ပေးထားတဲ့ကတိဆိုတော့လည်း သစ်ပြန်မပြောရဲ ပြန်ပြောလိုက်ရင်လည်း အပြင်မှာနေခွင့်လေးပါသိမ်းသွားမှာကြောက်လို့ ငြိမ်နေရတဲ့အဖြစ်