10x(Zawgyi&Unicode)

55.2K 1.3K 3
                                    

"ခင်ဗျားကို ထပ်မတွေ့ချင်တော့ပါဘူးလို့ ကျွန်တော်ပြောပြီးပြီလေ"

"ကိုယ်ကတော့ တွေ့ချင်နေသေးတယ်"

"ဟိုမိန်းမဆီ သွားပါတော့ဗျာ
ထပ်မသတ်ပါနဲ့တော့ .. ကျွန်တော်လည်း အသွေးအသားနဲ့တည်ဆောက်ထားတဲ့ လူဗျ
ခံစားတတ်တယ် .. ခင်ဗျားကိုမြင်ရတာ ကျွန်တော်ပင်ပန်းလွန်းလို့ ထပ်မနှိပ်စက်ပါနဲ့တော့ဗျာ"

"...."

"မခေါ်ပါနဲ့ဗျာ"

"မင်းအထင်မှားနေတာ ......"

"ခင်ဗျားတို့ ကုတင်ပေါ်မှာ ဖြစ်ချင်တိုင်းဖြစ်ပြီးလို့ ဟိုမိန်းမဗိုက်ထဲမှာ ကလေးတယောက်ရောက်နေတာတောင် ကျွန်တော်က အထင်မှားတာပဲလား?"

"မဟုတ်"

"ခင်ဗျား တော်တော်မတရားတဲ့ သူပဲ 
ဘာလို့ အဲ့လိုနည်းလမ်းတွေသုံးခဲ့ရတာလဲ
ဘာလို့လဲ ... ဘာလို့ ကျွန်တော်ချစ်ရတဲ့ ခင်ဗျားကမှ "

ဆိုနင့်လာတဲ့ရင်ကြောင့် ပြောလက်စ စကားတို့ကိုပဲ မဆက်နိုင်ကာ လက်သီးတင်းတင်းဆုပ်ရင်း ထိုလူ့ရှေ့ကနေ သစ်ထွက်လာခဲ့လိုက်သည်

လမ်းဖြတ်ကူးလိုက်တဲ့အချိန် .. တည့်တည့်ဝင်လာတဲ့ကားကြောင့်

မျက်လုံးထဲတွင် ဘာမှမမြင်နိုင်အောင် ပြာဝေသွားကာ လူတကိုယ်လုံး အပေါ်ကို မြောက်တက်သွားတော့သည်

ပြန်ကျလာတဲ့အခါမှာတော့ .. ကား အဖုံးပေါ်ကို ကျကာ မြေကြီးပေါ် လူးလှိမ့်ပြီးကျသွားတဲ့ ခံစားချက်က ..

နှလုံးကို ဖြစ်ညှစ်လိုက်သလိုဖြစ်ကာ အသက်ရှူနှုန်းတွေ နှေးကွေးလာပြီး ခက်ခဲလာတော့သည်

အသက်ရှူမ၀တော့တဲ့ ခံစားချက်ကဖြစ်ပေါ်နေတာမို့ အတင်းရုန်းကန်ရင် အော်ဟစ်မိလိုက်တော့သည် ..

"ကယ် ... ကယ်ကြပါ"

မယုံနိုင်လောက်အောင် အသံက တိုးလျလွန်းလှသည် ကားပေါ်ကနေ မိန်းမတယောက်ဆင်းလာတာကို ၀ါးတားတားနဲ့ တွေ့နေရပေမယ့် အနားရောက်လာတဲ့အခါမှာတော့ သူ ခေါင်းက မြေကြီးပေါ်ပြုတ်ကျသွားကာ မျက်ဝန်းတွေပါ ပိတ်ကျသွားမိတော့သည်

Oh !Where stories live. Discover now