29x (Zawgyi&Unicode)

20.1K 773 6
                                    

*ကိုကို ကျွန်တော့်ကိုချစ်လားဟင်*

*ချစ်တာပေါ့ ....ရဲ့။ ကိုယ်အချစ်ဆုံးက မင်းပဲဆိုတာသိရဲ့လား*

*မယုံပါဘူးဗျာ ကိုကိုဘေးနားမှာ ဟိုမမရှိတယ်လေ
သူက အရမ်းလှတာ*

*ဟားဟား ကိုကိုရဲ့ဘဲရုပ်ဆိုးလေးက သ၀န်တိုနေတာလား??*

*ဟင် မတိုပါဘူးနော် ကျွန်တော်က ဒီအတိုင်းပြောတာပါ အဲ့ ဘဲရုပ်ဆိုးလေးဆိုတာကို မခေါ်ပါနဲ့ဆို*

*ခေါ်မှာပဲကွာ ဘဲရုပ်ဆိုးလေး ဘဲရုပ်ဆိုးလေး*

*ဟာ ကိုကိုကကွာ*

တကယ်ပြောတာနော် မယုံမရှိနဲ့ တကယ်ချစ်လာပြီဆို
သူ့ကို ၁၅စက္ကန့်လောက် ထိုင်ကြည့်နေရတာလည်း
နိဗ္ဗာန်ပဲ

အခုလို ချစ်ကြည်နူးနေတာဆိုရင်တော့ ပိုတောင် ပိုတောင်

ဟမ် နေပါဦး အခုက သစ်လား??? ဟိုတစ်ယောက်လား??

ဘာလို့ သစ်မျက်လုံးတွေအောင့်လာတယ်လို့ခံစားနေရတာလဲ??

ဦးမြတ်.... ဦးရိပ်???

လက်က ဟိုစမ်းဒီစမ်းနဲ့ ဘေးဘီဝဲယာကိုလိုက်စမ်းနေလိုက်ပေမယ့် ဘယ်သူမှမရှိဘူးထင်ပါရဲ့  ဘာကိုမှမစမ်းမိ

*ဘဲရုပ်ဆိုးလေးကွာ*

*ဘဲရုပ်ဆိုးလေးကွာ*

*ဘဲရုပ်ဆိုးလေးကွာ*

သစ်လည်းမငိုပါပဲနဲ့ မျက်ရည်တွေကျကာ မျက်လုံးတွေအောင့်လာတော့သည်

ဒါတွေကို မမြင်ချင်ပဲနဲ့မြင်နေရသလို

ရှင်းရှင်းလင်းလင်း ဘာမှကို မမြင်ရတဲ့အပြင် ဝိုးတိုးဝါးတားနဲ့အသံကြားနေရတာကိုတောင်
မျက်လုံးတွေက အောင့်လာသည်

ဦးတို့ကရော ဘယ်သွားတာလဲ

တစ်ယောက်ထဲမနေချင်ပါဘူးဆို တစ်ယောက်တည်းရှိနေရင် အဲ့လူတွေက ထွက်ထွက်လာတာ

အမြဲတမ်း မရှိ‌သလိုနေနေခဲ့ပြီးတော့မှ ဘာလို့အခုမှပြန်ပေါ်လာတာလဲ ??? ပြော???

မင်းမျက်ကြည်လွှာတွေကိုပြန်‌ယူချင်တယ်ဆိုလည်း အပြီးသာပြန်ယူသွားတော့

Oh !Where stories live. Discover now