34x(Zawgyi&Unicode)

40.4K 991 194
                                    

Pizzaဆိုင်ထိ ပါလာကာ ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတဲ့ ဒီ၃ယောက်ကို သစ် ငုတ်တုပ်သာထိုင်ကြည့်နေလိုက်သည်

အင်းလေ လုပ်ချင်တာလုပ်ကြပါစေ

"အဲ့တာဆို broတို့ ဟန်းနီးမွန်းတုန်းက ပါလာတဲ့ ကလေးလေးက အကြီးကောင်လေးလား?? ဒီအငယ်လးလား?"

ရိပ်က ပုံမှန်ဆို ငြိမ်တတ်ပေမယ့် သစ်ဖေဖေနဲ့တွေ့မှ အရမ်းတွေတက်ကြွနေလို့ သစ်‌မျက်လုံးထဲ ကန့်လန့်ကြီးဖြစ်နေရသည်

"ဟန်းနီးမွန်းလာတုန်းက အကြီးလေးပါလာတာ အဲ့ဟန်းနီးမွန်းမှာမှ ဒီအငယ်လေးရတာလေ"

"အဲ့အချိန်တွေတောင်သတိရမိတယ်ဗျာ ကြုံရင် နောက်တစ်ခေါက်လောက်ထပ်သွားရအောင်လေဗျာ"

ရိပ်နဲ့သစ်ဖေဖေနဲ့က ပွဲကျနေသလောက် သတိုးကတော့ တစ်ယောက်ထဲ ငြိမ်နေသည်လေ

"ဟေ့ကောင် သတိုး ဘာလဲကွ အဲ့တုန်းကပါလာတဲ့တစ်ယောက်နဲ့တွဲတုန်းလား??"

"What!!!"

*What!* ဆိုတာ သစ်ထမေးလိုက်တာပါ ဒီဘဲကြီးရဲ့အရှုပ်တွေက ဘယ်လောက်များနေလို့လဲလေ

"နေပါဦး သားက မင်းတို့နဲ့ဘယ်လိုသိတာလဲ"

"ဒီအတိုင်း အလုပ်အတူတူလုပ်တာပါ ဖေဖေရဲ့ စောစောက ကိစ္စလေး ဆက်ပြောပါဦး"

"ဖေဖေက ဘယ်လိုသိမှာလဲ သတိုးကိုမေးကြည့်လေ"

"အဲ့စော်လေးကချောလား ဖေဖေ"

"ဘယ်ကစော်လေးကမှာလဲ ကောင်လေးလေကောင်လေး ဖြူဖြူသေးသေးကောင်လေး"

"What!!!!"

"Broကလည်း ပြီးပြီးသားတွေပြောမနေပါနဲ့ အဲ့တစ်ယောက်က ဒီအတိုင်းခေါ်လာတဲ့တစ်ယောက်ပါ
အဲ့ကပြန်လာထဲက သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက်"

"အဲ့လို့လား နှမျောစ‌ရာတော့ အကောင်းသားကွ သူက တော်တော်ချစ်စရာကောင်းတာ"

"ငယ်တုန်းမို့ စိတ်နောက်လိုက်မိတာပါဗျာ"

ရိပ်က ၀င်နောက်လိုက် သတိုးတို့က အတည်ထထပြောလိုက်နဲ့ ဝိုင်းလေးက သာယာနေတော့သည်

You've reached the end of published parts.

⏰ Last updated: Jun 13, 2020 ⏰

Add this story to your Library to get notified about new parts!

Oh !Where stories live. Discover now