"သေလိုက်တော့ မင်းက ဒီလိုအသက်ရှင်သင့်တဲ့ကောင်မဟုတ်ဘူး
သေလိုက်တော့"လမ်းမပေါ်မှာသွေးအလိမ်းလိမ်းနဲ့လဲကျနေတဲ့သူ့ကိုငုံ့ကြည့်ကာ သူသေဖို့ကျိန်စာတိုက်နေတဲ့အမျိုးသမီး
တခွန်းပြန်ပြောဖို့ကြိုးစားလိုက်တိုင်း သွေးတချက်အန်နေရတဲ့သူ့အဖြစ်ကို ကျေကျေနပ်နပ်နဲ့ကြည့်နေရင်း ပြုံးပျော်နေတဲ့ အမျိုးသမီး
ကြည့်ရင်းနှင့်ပင် အမြင်အာရုံတွေေ၀၀ါးလာကာ အမှောင်ထုထဲရောက်သွားတော့သည်
"သစ် ... မင်းမြန်မြန်ပြန်နိုးလာပါတော့ကွာ"
အမှောင်ထုထဲမှာ သူယောင်ချာချာဖြစ်နေတုန်း အသံတခုကိုကြားလိုက်ရတာ အဲ့ဒီ့အသံကလည်း သူ့ကိုတမ်းတနေတဲ့အသံ
အသံကြားရာနောက်ကို သူပြေးလိုက်နေမိသည် သို့သော် သူပြေးလိုက်လေ အသံကပိုဝေးကွာသွားလေ
"သားလေး မေမေ့သားလေး အရမ်းပင်ပန်းနေပြီလား? မေမေနဲ့လိုက်ခဲ့မလား သားလေး"
ဆန့်ကျင်ဖက်အရပ်မှထွက်ပေါ်လာသော အသံ .. နွေးထွေးကာ နှစ်လိုဖွယ်ကောင်းတယ်
"မေမေ့သားလေး မေမေနဲ့လိုက်ခဲ့တော့နော်"
အသံရဲ့ခေါ်ဆောင်ရာနောက်ကို သူခြေနှစ်လှမ်းခန့်ပင်လိုက်ရသေးသည်
"သစ် ကိုယ်တို့မခွဲဘူးလေကွာ မင်းဘာလို့မနိုးသေးရတာလဲ ကိုယ်အရမ်းလွမ်းနေပြီကွ"
ထပ်ထွက်လာသော သူ့ကိုလှုပ်နှိုးနေတဲ့အသံ
သူ သမင်လည်ပြန်ကြည့်နေစဉ်"သား ပြန်မသွားပါနဲ့တော့ မေမေ့သားလေးအနားယူဖို့အချိန်ရောက်ပြီလေ သားလေးရဲ့ မေမေ့ဆီလာနော်"
ဆန့်ကျင်ဘက်အရပ်မှပြောလာပြန်သည်
"သစ် ကိုယ်တောင်းပန်ပါတယ်ကွာ မင်းနိုးလာပါတော့"
"ဟင့်အင်း သားလေးပြန်မသွားရဘူးနော်"
စကားသံတွေက ပဲ့တင်ရိုက်ကာ ပိုမိုကျယ်လောင်လာတာမို့ နားနှစ်ဖက်ကို ပိတ်ကာ သူအကျယ်ကြီးငိုကြွေးလိုက်မိတော့သည်