"ကျွန်တော် တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ် မရည်ရွယ်ပဲနဲ့ဖြစ်သွားတာပါ"
အသံကလည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေကာ ပုံရိပ်တွေကလည်းပေါ်တလှည့်မပေါ်တလှည့် မျက်နှာကိုလည်းမမြင်ရ
"ဟားဟား အဲ့လောက်မကြောက်ပါနဲ့ကွာ စိတ်ငြိမ်ငြိမ်ထား ဟုတ်ပြီလား"
ရှင်းရှင်းလင်းလင်းမကြားရပေမယ့် အသံကရင်းနှီးနေသလို
အိပ်နေရင်းနဲ့ချွေးစေးတွေပြန်နေတဲ့ သစ်ကို ဘေးနားကနေ ချွေးထိုင်သုတ်ပေးကာ သတိုးစိတ်ထဲမကောင်း
အိပ်နေတဲ့အချိန်ဆိုတာ အနားယူချိန်ဟာကို အိပ်မက်ဆိုးတွေမက်နေတာကြောင့် အနားမယူရဘူးလေ
"မဟုတ်ဘူး ထွက်မသွားပါနဲ့ဦး ကျွန်တော်ရှင်းပြပါရစေ ကို!!!!"
ပါးစပ်လှုပ်ရုံလေးပြောလိုက်တာဆိုပေမယ့် သတိုးကြားရလောက်တဲ့အထိတော့ ကျယ်ပါသည်
ကို???? ဘယ်သူ့ကိုပြောနေတာလဲ
ခဏနေတော့ သစ် အိပ်နေရင်းနဲ့ပင် မျက်ရည်တွေ ကျလာကာ
"ကို နေပါဦး ကျွန်တော်ရှင်းပြပါရစေ ကျွန်တော့်ကိုယုံပါလို့ ကို!!!"
ရှိုက်ကြီးတငင်ငိုနေတဲ့ ကလေးကို မကြည့်နေနိုင်တော့တာမို့ သစ်ပခုံးလေးကို ခပ်ဖွဖွတွန်းကာ
"သစ် ကလေးလေး ထတော့ သစ် အလုပ်နောက်ကျမယ်လေ"
မျက်လုံးဖွင့်လိုက်တာနဲ့သတိုးကို ဖက်ကာ
"ဦး .. သစ် ဒီနားက နာတယ်"
ဝဲဘက်ရင်အုံကို လက်ကလေးနဲ့ဖိကာ ပြောလာတော့ သတိုးစိတ်မကောင်း
"ကဲပါ .. ရေမိုးချိုးတော့ သစ်အလုပ်သွားရမယ်လေ"
"ဟုတ်"
မျက်နှာလေးငယ်နေတဲ့ကလေးကို အလုပ်မလွှတ်ချင်သော်လည်း အလုပ်မှာဆို တခြားလူတွေနဲ့စကားပြောရင်း ရွှင်ပျပျများဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့သာ သတိုးလွှတ်လိုက်ရသည်
သစ် ထသွားတာနဲ့ အချိန်ကိုက်ပင် သတိုးဖုန်းမြည်လာတာမို့