အပိုင်း (၃၅)

4.7K 634 29
                                    




"ရှန့်ကိုကို… ရှန့်ကိုကို ခဏစောင့်ပါဦး…."

"ချွေ့မင်းသမီး…"

သူ့လက်မောင်းကို လာတွဲကာ ဇာမဏီမျက်လုံးတို့ တလက်လက်တောက်ပနေသည့် မူဟန်ပိုပို အကြည့်များ။ လက်မောင်းကို လာဆွဲထားသည့် လက်အစုံအား ပုတ်ထုတ်လိုက်ကာ လူကိုလည်း ခြေသုံးလှမ်းမျှ ကွာသွားအောင် တွန်းလိုက်သည်။
"ရှန့်ကိုကို…"

"မင်းသမီး အနေအထိုင် ဆင်ခြင်ပါ…"

တစ်ခွန်းမျှသာ ပြောကာ ဟွာရှန့်ထွက်သွားသော်လည်း ရေခဲတမျှ အေးစက်သည့်အကြည့်တို့ကြောင့် ချွေ့မင်းသမီး ဆက်မလိုက်လာတော့။ သူ့အတွက် အမျိုးသမီးများက စိတ်ရှုပ်စရာ၊ ဒုက္ခပေးသည့် အရာဟု သတ်မှတ်ထားကာ အနားပင် အကပ်မခံ။ မင်းကြီး၏ မွေးစားညီမဖြစ်သည့် ချွေ့ရင်ကို ပိုလို့တောင် အဝေးက ရှောင်သည်။ ယဉ်ကျေးမှု မရှိ၊ လူအများရှေ့ပင်တွင် သူ့အပေါ် တွယ်ကပ်ကာ ချွဲနွဲ့ပြီး ပိုင်စိုးပိုင်နင်း အပြုအမူများကို နည်းနည်းမှ မနှစ်မြို့ချေ။ ဟွာရှန့်ကြောင့် ချွေ့မင်းသမီးက နာသွားသည့် လက်ကို ဆုပ်နယ်ရင်း

"ရှန့်ကိုကို… ဘာလို့ ချွေ့အာကို ရှိမှန်းတောင် သဘောမထားရတာလဲ…"

"မင်းသမီး နာသွားတာလား…"

"နင်တို့တွေ ငါ့ကို အခုမှ လာမေးမနေနဲ့… ငါ့လက် ယောင်သွားပြီ… သွား… သမားတော်ခေါ်…"

"တစ်ယောက်မှ အသုံးမကျဘူး…"

အစေခံမလေးများက ချွေ့မင်းသမီး အော်ငေါက်သံတို့ကို နားယဉ်နေသော်လည်း ကြောက်ရွံ့ကာ သမားတော် အပြေးသွားခေါ်ကြသည်။ မင်းသမီးက စိတ်မထင်ရင် မထင်သလို လုပ်တတ်သည်မို့ ပြာပြာသလဲပင် သမားတော်ပြေးခေါ်သူခေါ်၊ မင်းသမီးကို အဆောင်ပြန်ပို့သူပို့၊ ချော့သူ ချော့ဖြင့် ဗျာများသွားသည်။

"ရှင့်အပိုင်က ချွေ့အာပဲ ဖြစ်ရမယ်… ရှန့်ကိုကို စောင့်ကြည့်နေလိုက်…."

---------------------------------



အချိန်ဆယ်ရက် ဆိုသည်မှာ ဘယ်ကနေဘယ်လိုကုန်သွားသည် မသိ။ နှိပ်စက်ခံရသည့်ရက်များ ကျော်လွန်ပြီးနောက် မို့ရန်တို့ကို စစ်သားစုဆောင်းရေးဘက်သို့ ပို့လိုက်ကြသည်။ လူစုကွဲကာ အဖွဲ့အသီးသီးသို့ ရောက်သွားသည်။ မို့ရန်နှင့် သုံးကလေးက တစ်ဖွဲ့တည်း ကျပြီး ကျန်သူများက မည်သည့်အဖွဲ့ထဲ ဝင်သွားမှန်း မသိရသေး။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now