အပိုင်း (၄၉)

3.7K 434 12
                                    









ဈေးနေ့ မဟုတ်သော်ငြား အချို့အချို့သော ဈေးသည်တို့က လမ်းတစ်လျှောက် ကျိုးတိုးကျဲတဲဖြင့်သာ ဈေးရောင်းနေကြသည်။ များသောအားဖြင့် အသီးအရွက်သည်တို့သာ။ ရှားရှားပါးပါး ဈေးလိုက်ခွင့် ရသောကြောင့် မို့ရန် အတော်ပျော်နေသည်။ များသောအားဖြင့် သူမ အပြင်ထွက်ခွင့်ရဖို့ မလွယ်ကူလှပါ။ လက်ထောက်ဝူနှင့် စစ်သည်အချို့တို့က အရပ်ဝတ်ဖြင့် ဈေးလှည့်နေကြသည်။ သူမ မျက်နှာဖုံးရောင်းသည့် ဈေးသည်တွင် ငေးကျန်နေတုန်း ရုတ်ရုတ်သဲသဲ အသံတို့ကို ကြားလိုက်ရသည်။ ဟင်းရွက်ရောင်းနေသည့် မိန်းကလေးတစ်ဦးကို လူရွယ်တစ်စုက ဆွဲလားရမ်းလား လုပ်နေကြခြင်းပင်။

"ရှင်တို့.. မလုပ်ပါနဲ့… ဒါတွေ မလွှင့်ပစ်ပါနဲ့…"

မိန်းကလေးက တောင်းပန်သံဖြင့် အမျိုးမျိုးပြောနေသော်လည်း လူရွယ်တို့က စိတ်ဝင်စားပုံမပေါ်။ ခင်းထားသော ဟင်းရွက်တို့ကို လမ်းမပေါ်သို့ လွှင့်ပစ်နေပြီး ထိုထဲက လူရွယ်တစ်ဦးက မိန်းကလေးကို သူတို့ဝေါ်ယဉ်ပေါ် ဆွဲခေါ်နေသည်။

"တောင်းပန်ပါတယ်… ကူညီကြပါ…"

ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီ တောင်းနေသော်လည်း ဘယ်သူကမျှ ဝင်ပါရန် မဝံ့ရဲကြသည့်အပြင် ဘေးသို့ပါ ရှဲသွားသည်။

"ဘာလို့ ဝိုင်းမကူကြတာလဲ… လမ်းလယ်ခေါင်မှာ ဆွဲလားရမ်းလားနဲ့…"

"ဟာ… ကောင်လေး… မင်း ဘာသိလို့လဲ… သူတို့က မြို့စားမင်းရဲ့ တူတော်တွေ… ဘယ်သူက သွားဆွဲရဲမှာလဲ…"

"သူတို့တွေက စံပြဖြစ်နေရမှာ မဟုတ်လား… ဘယ့်နှယ့်… ဒီလိုပုံနဲ့ သူခိုးသူဝှက် လူဆိုးတွေက လှောင်ရယ်မနေကြဘူးလား…"

"မင်း မမြင်ချင်ယောင် ဆောင်လိုက်ပါ ကောင်လေးရာ…"

မို့ရန် လက်ထောက်ဝူတို့ကို သွားပြောရန် သူတို့ကို ရှာသော်လည်း မတွေ့။ သူမ ငေးနေတုန်း သူတို့ ထွက်သွားကြတာလား။ ပြန်သွားကြတာလား။ လှည့်ပြန်လိုက်ရင် ကောင်းမလား စဉ်းစားသော်လည်း မိန်းကလေး၏ အော်သံက နားထဲ ဝင်လာပြန်သည်။ စိတ်ကို ဒုံးဒုံးချပြီး ဘေးနားတွင်ရှိသော ရေအင်တုံကို ဆွဲကာ ထိုလူရွယ်တို့ထံ ပက်လိုက်သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now