ep 2

77.7K 6.2K 1.1K
                                    

" ကလေး မောင့်ကို ဘာမှမမေးတော့ဘူးလား "

ထိုနေ့ညက မောင်တစ်ယောက် ခါတိုင်းထက်စောပြီးအိမ်ကိုပြန်လာခဲ့သည် ။ အရင်လိုဆင်ခြေဆင်လက်တွေတန်းမပေးဘဲ သူ့ကိုတွေ့တာနဲ့ ချက်ချင်းဖက်ထားပြီးတောင်းပန်တာမလို့ မောင်စိုးရိမ်နေတာက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးပျက်စီးသွားမှာကိုလား ဒါမှမဟုတ် မောင်နဲ့မောင့်မိန်းကလေးကြားက ဆက်ဆံရေးပျက်စီးသွားမှာကိုလားဆိုတာ ရာပြည့်အနေနဲ့ မခန့်မှန်းတတ်သေး ။

သူသည်နူတ်ဆိတ်နေကာ မောင့်ရဲ့အကြည့်တွေကို ရှောင်လွဲလိုက်သည် ။ မောင့်ကိုမမေးချင်ဘူး ၊ သူအကြောက်ဆုံးက မောင့်ရဲ့နူတ်ဖျားကနေ သူမဟုတ်တဲ့တခြားတစ်ယောက်ကို တွယ်တာသွားတယ်ဆိုတဲ့စကားမျိုးမကြားချင်ဘူး ။ ကျေးဇူးပြုပြီး ၀န်မခံလိုက်ပါနဲ့ ၊ ကျေးဇူးပြုပြီး ငါစိတ်ချမ်းသာအောင် မုသားသုံးပေးပါ ။ မောင်ပြောလာမယ့်တောင်းပန်စကားတွေကိုလည်း ငါမကြားချင်ဘူး ။နာတယ် ၊ ကိုယ့်အပေါ်သစ္စာဖောက်ရက်တဲ့ မောင့်ကြောင့် သူသိပ်ပြီးနာကျင်ရတယ် ။ ဒါပေမယ့်မောင့်ကို တကယ်ဆုံးရူံးရရင် ပိုပြီးနာကျင်လေမလား ။

" မောင် တောင်းပန်ပါတယ် ကလေးရယ် ။ မောင်အရမ်းလွန်မှန်းသိပေမယ့် ရုတ်တရက်ကြီးဆိုတော့ ဘယ်လိုဆုံးဖြတ်ရမှန်းမသိလို့ပါ ။ အစက မောင့်မေမေစိတ်ချမ်းသာအောင် ဟေသာနဲ့ ရင်းရင်းနှီးနှီးနေပေးခဲ့ရုံပါ ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဟေသာ့အပေါ် သံယောဇဉ်တွယ်လာသလို ခံစားရတယ် ။ သူ့ကိုအလိုလိုက်ရတာကို ကြိုက်လာတယ် ၊ သူရဲ့တီတီတာတာစကားတွေအောက် သာယာမိလာတယ် ။ တကယ်တော့ မောင်ကိုယ်တိုင်က သစ္စာတရားကိုတန်ဖိုးမထားဘဲ စိတ်အလိုလိုက်မိခဲ့တာ ။ ကလေး မောင့်ကိုစိတ်ဆိုးလို့ ရတယ် ။ မောင့်ကိုကြိုက်သလို အပြစ်ပေးလို့ရတယ် ။ ကလေးပေးတဲ့အပြစ်တွေကို မောင်ကျေကျေနပ်နပ်ကြီးခံယူပါ့မယ် ။ မောင့်ကိုတော့ ထားမသွားပါနဲ့နော် ''

" တော်ပါတော့ မောင် ၊ ငါသိနေပြီးသားကိစ္စကို မောင့်နူတ်ကကိုယ်တိုင်မပြောပါနဲ့ ၊ ငါမမေးခဲ့ဘူးဆိုတာက မောင့်ကိုယုံလို့မဟုတ်ဘူး ။ မောင်ရဲ့ဖြေရှင်းချက်ကိုကြားရင် ငါဘယ်လောက်ထိပြိုလဲသွားနိုင်လဲဆိုတာသိနေလို့ ဒီအတိုင်းနူတ်ဆိတ်နေခဲ့တာ ။ မောင့်ကိုအားလုံးထက်ပိုသိတဲ့ငါက မောင်ပြောင်းလဲနေတာကို မသိဘဲနေမလား ၊ ဒါကြောင့်ငါ့ကို ဒီထက်ပိုပြီးဝန်မခံပါနဲ့တော့"

If only we breakup .. (Z+U) ( Completed)Where stories live. Discover now