ep 3

65.1K 6K 1.7K
                                    

" ဟေး ......... အားလုံးပဲ ငါ့မှာအစီစဉ်ကောင်းတစ်ခုရှိတယ် ။ ငါတို့အားလုံး ကိုယ့်ရဲ့ရည်းစားတွေကို ခေါ်လာပြီး တစ်နေရာမှာ ဆုံရအောင်ကွာ ။ ရည်းစားမရှိတဲ့ကောင်တွေ အငှါးကြွားခေါ်လာလို့ရတယ်နော် "

ခိုင်မြဲတို့ရုံးက သူ့ထက်ရာထူးတစ်ဆင့်ကြီးတဲ့ စီနီယာလုပ်ဖော်ကိုင်ဖက်တစ်ဦးကနေစပြီး ထိုအစီစဉ်ကိုညှိနှိုင်းကြလေတော့ ခိုင်မြဲကလွဲပြီး အားလုံး အုံအုံကြွကြွဖြစ်ကာ အငြင်းပွားကြသည် ။ သို့သော်နောက်ဆုံးမှာ အားလုံးက လက်ခံသဘောတူကြတော့ သူတို့က စားသောက်ဆိုင် ကောင်းကောင်းလေးတစ်ခုမှာ ချိန်းလိုက်သည် ။ ခိုင်မြဲအတွက်က ဟေသာရှိနေတာမလို့ ရေကန်အသင့်ကြာအသင့်မို့ သူကတော့ ရယ်ရယ်မောမောပင် လက်ခံလိုက်သည် ။ သူတို့ထဲကတစ်ချို့က ဟေသာကိုမြင်ဖူးကြတာမလို့ ဟေသာဘယ်လောက်လှကြောင်းပြောလာပြီး အားလုံးက မနာလိုအားကျသလို ပြောလာတော့ ခိုင်မြဲ ဘ၀င်တောင် မြင့်ချင်သွားသည် ။

အခုမှ သတိရတယ် ၊ သူ ရာပြည့်ဆီမသွားတာ တစ်ပတ်လောက်ရှိပြီ ။ ရာပြည့်တစ်ယောက် အဆင်ကောပြေရဲ့လားမသိ ။ သူ့ဖက်က ဖုန်းစဆက်ချင်ပေမယ့် သူလည်းမာနနဲ့မို့အခုထိတင်းထားဆဲဖြစ်သည် ။ ခံသာတာတစ်ခုက စိတ်ညစ်နေချိန် ဟေသာကဘေးမှာ ရှိနေတာမလို့ ရာပြည့်အကြောင်း အချိန်ပြည့်မတွေးအားခဲ့ ။

ဟေသာကိုခေါ်ပြီး ချိန်းဆိုထားတဲ့ စားသောက်ဆိုင်ကိုထွက်လာလိုက်သည် ။ ရာပြည့်အလုပ်လုပ်တဲ့ဆိုင်နဲ့တခြားဆီမလို့ နောက်ဆံတင်းတာမျိုးမဖြစ်မိဘဲ အရမ်းကို လွှတ်လပ်ပေါ့ပါးနေသလို ခံစားရ၏ ။ ပြီးတော့ ဒီနေ့ ဟေသာက မင်းသမီးရူံးရအောင်ကို လှနေတယ်လေ ။

" ခိုင်မြဲကိုကတော့ တကယ့်ကို ထီဆုကြီးပေါက်တာပဲ ။ ဟေသာချိုက ကြားထားတာထက် အများကြီးလှတယ်နော် "

အားလုံးနီးပါးက သူတို့မဒီတွေကို ဘေးမှာထားပြီး ဟေသာကိုဝိုင်းဝန်းချီးကျူးကြတော့ ဟေသာက ရှက်သွားသလို သွားမပေါ်အောင်ပြုံးရင်း ကျေးဇူးတင်ကြောင်းပြောလိုက်၏ ။ ခိုင်မြဲကလည်း ကိုယ့်ချစ်သူကို အများရှေ့အစွမ်းကုန် ဂရုစိုက်ပေးလိုက်သည် ။ ဟေသာ့မျက်နှာက သိသိသာသာကို ပျော်နေပုံပေါက်ပြီး သူမ ခိုင်မြဲရဲ့လက်ကိုဆုပ်ကိုင်လာသည် ။ ထိုအချိန် စားသောက်ဆိုင်ထဲကို ၀င်လာသည့် လူနှစ်ဦး၏ ပုံရိပ်ကြောင့် ခိုင်မြဲ လန့်သွားပြီး ဟေသာရဲ့ လက်ကိုလွှတ်ချလိုက်သည် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now