လပိုင်းအတွင်း သူနဲ့ဟေသာရဲ့ လက်ထက်ပွဲကိုပြုလုပ်ဖို့ မေမေတို့ကတိုက်တွန်းနေပြီ ။ သို့သော်တကယ်တမ်း လက်ထပ်ရတော့မယ်လို့ သေချာလာလေလေ ရာပြည့်ကိုလက်လွှတ်လိုက်ရတော့မှာက ပိုများလာလေမလို့ လက်ထက်ပွဲဆိုတဲ့စကားလုံးကိုကြားတိုင်း စိတ်ဖိစီးလာသည် ။ သူ့အနားမှာ အိပ်ချိန်ကလွဲပြီး အမြဲတမ်း ကော်လိုကပ်နေသည့်ဟေသာ့ကိုလည်း သူတဖြေးဖြေး စိတ်ကုန်စပြုလာပြီ ။ သို့သော် ဟေသာက သွားထိလို့မရတဲ့ ဆူးပန်းတစ်ပွင့် ။ သူကိုယ်တိုင်က မကောင်းတဲ့သူမလို့ ဟေသာ့ကိုအပြစ်ဆိုဖို့ရာမတန် ။
တစ်နေ့ သူနဲ့ရာပြည့်တို့နှစ်ယောက်လုံးရဲ့အားလပ်ရက်မလို့ ဘယ်မသွားဘဲအိမ်မှာအချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်သည် ။ နှစ်ဦးသား အိမ်သန့်ရှင်းရေးတွေလုပ်ပြီး နားနေခိုက် တံခါးbell သံကြားတော့ ရာပြည့်ကထဖွင့်လိုက်သည် ။
" ဘယ်သူ ...... အော် .. အမိကိုး "
" ကိုကို ဘယ်မှာလဲ "
ပီပီသသထွက်လာသည့် အသံကြောင့် ဆိုဖာပေါ်မှာ ထိုင်နေသည့် ခိုင်မြဲက ခေါင်းမော့ကြည့်လာသည် ။
" ဟင် .........ဟေသာ ဘာကြောင့် ဒီအထိလိုက်လာတာလဲ "
သူ့ကိုမြင်တော့ ဟေသာ ကိုင်လာတဲ့ စလင်းဘတ်အိတ်နဲ့ ခိုင်မြဲရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်လိုက်သည် ။
" ကိုကို ....... ဟေသာ ဖုန်းခေါ်တာကို ဘာလို့မကိုင်တာလဲ ။ တမနက်လုံးဖုန်းခေါ်နေခဲ့တာ ။ ဒီတစ်ပတ်ထဲလာတွေ့တာ သုံးခါတောင်မရှိဘူး ။ ဘာကြောင့်ဟေသာ့ကို အဲ့လိုလုပ်ရတာလဲ ။ ဟေသာချစ်ပေးတာ မလုံလောက်လို့လားပြော "
ပြောချင်တာပြောပြီး သူ့ကိုထုရိုက်နေတဲ့ဟေသာကြောင့် ခိုင်မြဲဘာလုပ်ရမှန်းမသိတော့ ။ တစ်ဖက်ကိုလှမ်းကြည့်လိုက်တော့ ရာပြည့်က သူတို့ကိုကြည့်မနေ ။ ရာပြည့်ကသူတို့ကိုမမြင်သလိုနေရင်း အမှိုက်ထုပ်တွေကိုသေချာထည့်ပြီး အောက်ယူဆင်းဖို့ ပြင်နေသည် ။ ခိုင်မြဲ ဟေသာရဲ့လက်ကို ဖမ်းဆုပ်လိုက်ကာ သူမကိုတိုးတိုးနေရန်ပြောလိုက်သည် ။
" ဟေသာ ကိုယ်ရှင်းပြမယ် ။ ဒါကြောင့်မဆူညံနဲ့တော့ "
ရာပြည့်ကအမှိုက်ထုပ်တွေနဲ့ အောက်ဆင်းသွားပြီမလို့ သူဟေသာ့လက်ကိုလွတ်ပေးကာ ပြေလည်ရာပြေလည်ကြောင်း ညှိနှိုင်းလိုက်သည် ။