ep 8

54.8K 4.9K 184
                                    

" သား ....... မင်းအကိုပြန်ရောက်နေပြီ ။ ဒါကြောင့်အခုချက်ချင်း အိမ်ပြန်လာပါ "

ည (၁၀) နာရီတောင်ရှိနေပြီ ။ မေမေသူ့ကို ဖုန်းဆက်ခေါ်ပြီး ကိုကိုပြန်ရောက်လာသည့်အကြောင်းပြောလာလို့ အိပ်နေရာမှထပြီး စာလုပ်နေသည့် ရာပြည့်အနားကိုသွားကာ စာထဲအာရုံရောက်နေတဲ့ချစ်သူ့ပါးကို ရွှတ်ခနဲနမ်းရင်း ပြောလိုက်သည် ။

" ကလေး ...... မောင်အိမ်ပြန်မှ ရမယ် ။ ကိုကိုကရုတ်တရက်ပြန်ရောက်လာလို့ "

" အင်း ........ ကားကိုဂရုစိုက်မောင်းဦး "

ဒီစကားကလွဲလို့ ရာပြည့်သူ့ကို ဘာမှမပြောဘဲ သူလေ့လာရမည့် စာတွေကိုဆက်လက်လေ့လာနေ၏ ။ ခိုင်မြဲ ရာပြည့်ဆံချောင်းနုနုလေးတွေကို တစ်ချက်ဆွဲဖွရင်း နူတ်ဆက်ကာအပြင်ထွက်သွားလိုက်သည် ။

ရာပြည့်မှာကြားတဲ့အတိုင်း ကားကိုဂရုတစိုက်မောင်းပြီးအိမ်ပြန်လာသည် ။ Phone ရဲ့ Lockscreenမှာတင်ထားတဲ့ ရာပြည့်အိပ်နေတုန်း အနီးကပ်ရိုက်ယူထားတဲ့ ပုံလေးကို မြတ်နိုးစွာနမ်းရင်း ကားဒတ်ရှ်ဘုတ်ပေါ်တင်လိုက်သည် ။ အိမ်ရောက်တော့ သူ့မိဘနှစ်ပါးနှင့်အတူ နောက်ကျောပေးထိုင်နေသည့် အကိုဖြစ်သူကိုတွေ့လိုက်သည် ။

" ဟော ......... သားငယ် ပြန်လာပြီ "

မေမေကဆိုတော့ ကိုကြီးကနောက်လှည့်လာသည် ။ သူနဲ့ငါးနှစ်သာ အသက်ကွာသည့် ကိုကြီးကသူ့ကိုမြင်တော့ အေးတိအေးစက်ပြောလာသည် ။

" ဒီအချိန်ကြီး အိမ်မှာမရှိဘဲ အပြင်ရောက်နေတယ်ဆိုတော့ မင်းတော်တော်လေးကို ထိန်းမရဖြစ်နေတာပဲ ခိုင်မြဲကို "

" ကျွန်တော်က အရွယ်ရောက်ပြီးသားယောကျာ်းတစ်ယောက်ပါ ။ ကျေးဇူးပြုပြီးကိုယ့်ကိုယ်ကိုယ် အဖေတစ်ယောက်လို ပြောဆိုဆုံးမနေတာမျိုးလာမလုပ်နဲ့ "

ဒါသူတို့ညီအကိုနှစ်ဦး၏ အစစ်အမှန်ဆက်ဆံရေးပါ ။ ငယ်ငယ်ကတည်းက သူ့ကိုမိဘတွေက ပိုပြီးအလိုလိုက်သည့်အပေါ် ကိုကိုသည် မနာလိုဝန်တိုဖြစ်ကာ ခိုင်မြဲကိုသူ့ညီလေးမဟုတ်ဘူး မွေးစားထားတာဟု မကြာခဏပြောဖူးသည် ။ ဘာမှမသိနားလည်သေးတဲ့ အရွယ်မှာ သူဟာမေမေတို့ရဲ့သားအရင်းမဟုတ်ဘူးလို့ မကြာခဏပြောခံရသည့်အပေါ် တကယ်ထင်မှတ်ကာ ငိုယိုပြီးမေမေတို့နဲ့တိုင်ဖူးသည် ။ မေမေတို့ကတော့ သားကြီးကသားငယ်ကိုချစ်လို့ စတာပါဟုသာ ပြောပြီးရယ်မောနေခဲ့သည် ။ ဒါပေမယ့် အသက်တွေကြီးလာလေ သူနဲ့ကိုကိုကြား အေးစက်မှုတွေပိုကြီးထွားလာကာ သွေးအေးတိုက်ပွဲတွေက ပြင်းထန်လာသည် ။ ခိုင်မြဲကိုမွေးလာလို့ မိဘနှစ်ပါးက သူ့ကိုအပြည့်အ၀မချစ်တော့တာလို့ ငယ်ငယ်ကတည်းကအရိုးစွဲယုံကြည်နေသည့် အကိုဖြစ်သူမာန်ထက်ကိုသည် ဘွဲ့ရပြီးကတည်းက နိုင်ငံခြားမှာ ပညာဆက်သင်မယ်ဆိုပြီး (၅ )နှစ်အကြာမှ ပြန်ရောက်လာခဲ့၏ ။ ဒါပေမယ့်အခုချိန်အထိ ကိုကို့ရဲ့ အရိုးစွဲနေတဲ့အတွေးတစ်ခုက မပြောင်းသေးဘူးထင်ပါရဲ့ ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now