ep 4

61K 5.9K 1K
                                    

" ကိုကို ... ဟေသာ့ကို ဒီရေမွှေးတံဆိပ်ဝယ်ပေးပါလား ။ ဟေသာ့မှာ ပိုက်ဆံရှိပေမယ့် ကိုကိုဝယ်ပေးတာလေးကို လိုချင်လို့ "

ဟေသာသည် ထိုကဲ့သို့ ချစ်သူအပေါ်ဆိုးနွဲ့တတ်သည့် မိန်းကလေးမျိုး ။ ရာပြည့်နှင့်ကွာခြားသည့်တစ်ချက်က သူမသည် အမြဲတမ်းလို ခိုင်မြဲအပေါ် မှီခိုအားကိုးပြီး ဘုရင်တစ်ပါးလို ကိုးကွယ်ယုံကြည်ရှာသည် ။ ရာပြည့်အနားမှာနေခဲ့သည့် တစ်လျှောက်လုံး မရခဲ့ဖူးသည့် အားကိုးခံရသည့် ခံစားချက်မျိုး ၊ ဦးထိပ်ထားခံရသည့် ခံစားချက်မျိုး ၊ အိမ်ထောင်ဦးစီးတစ်ယောက်လိုခံစားချက်မျိုး စသဖြင့်ခံစားရကာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိသည် ။ ဒီလို ယုံကြည်အားကိုးတာမျိုး ကလေးဆီမှာ ဆယ်ပုံတစ်ပုံလောက်လေးပဲ ရှိနေရင် သိပ်ကောင်းမှာပဲ ။

'' ကိုယ့်ကို ပုံပို့ထားလိုက် ။ အားတာနဲ့ကိုယ်ရှာဝယ်လိုက်မယ် "

ချက်ချင်းဆိုသလိုပင် ဟေသာ့ဆီက ရေမွှေးတံဆိပ်ပါသည့် ပုံရောက်လာပြီး ထိုတံဆိပ်ကို facebook ပေါ်ရိုက်ရှာလိုက်သည် ။ ဈေးမကြီးပေမယ့် ဈေးလည်းမပေါ ၊ တစ်သိန်းခွဲဆိုသည့် ပမာဏသည် ဟေသာအတွက်ကတော့ ရေမွှေးတစ်ပုလင်းစာပဲဆိုပေမယ့် ရာပြည့်အတွက်တော့ တိုက်ခန်းခ တစ်လစာမကရှိတာမလို့ ဒီနေရာမှာ ရာပြည့်သာဆို ဘယ်တော့မှ ဒီရေမွှေးပုလင်းကို ပူဆာမှာမဟုတ် ။ ခိုင်မြဲ ချက်ချင်းပင် ရေမွှေးပုလင်းကို order တင်ကာ နေ့လည်စာအတွက် ခဏနားလိုက်သည် ။

" ခိုင်မြဲကို ........ ငါတို့ Smile မှာ တူတူသွားစားရအောင် "

" ဆောရီး ..... ဒီနေ့ ငါသွားစရာလေးရှိလို့ တခြားမှာပဲ စားခဲ့လိုက်တော့မယ် "

ကားသော့ကိုယူပြီး ခိုင်မြဲ ရာပြည့်အလုပ်လုပ်နေတဲ့ ဆိုင်ဖက်ကို ထွက်ခဲ့လိုက်သည် ။ ဟိုရောက်တော့ ရာပြည့်ကို ချက်ချင်းမတွေ့ ။ အမဲစတိတ်တစ်ပွဲကိုအရင်မှာလိုက်ရင်း ဆိုင်ထဲကို ဝေ့ပတ်ကြည့်ကာ သူရာပြည့်ကို စောင့်နေလိုက်သည် ။ သိပ်ပင်မကြာလိုက် ဆိုင်ထဲကို ရာပြည့်ပြန်ဝင်လာပြီး သူ့ကိုမြင်တော့ အံသြသွားဟန်နှင့် သူ့ဆီလျှောက်လာလေ၏ ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now