အပိုင်း_၁

59.1K 1.8K 26
                                    

Zawgyi...

" ချစ်ရသော ကိုကို " ( အပိုင်း_၁ )

တစ်မနက်ခင်းတွင်...

"ကိုကိုနော်...ကလေးကိုသိပ်မဆူပါနဲ့ကွယ်"

ကျွန်တော်ဧည့်ခန်းကဆိုဖာပေါ်မှာ ကွန်ပျူတာ
လက်တော့ပ်တစ်လုံးနဲ့ကုမ္ပဏီကလချုပ်စာရင်း
တွေလုပ်နေစဉ်မေမေရောက်လာသည် ။ မေမေက
ကျွန်တော့်ဘေးနားကိုဝင်ထိုင်လိုက်၏ ။

မေ​မေဟာ​လေ အဲ့​ပြောမရဆိုမရတဲ့​ကောင်​လေးကို
သိပ်​အလိုလိုက်​လွန်းတယ်​ ။ မေ​မေ့နည်းတူ​ဖေ​ဖေလည်း
ထိုသို့လည်း​ကောင်းပါပဲ ။ ကျွန်​​တော့်​ထက်​​​ခြောက်​နှစ်​​လောက်
ငယ်​တဲ့ အဲ့​ကောင်​လေးက ​ပြောဆိုဆုံးမလို့မရ ။

အမြဲဂျစ်​တစ်​တစ်​နိုင်​လွန်းတယ်​ ။ အရမ်းလည်းပဲစကား
များတယ် ။ ယောက်ျားလေးဖြစ်ပြီး နမော်နမဲ့နဲ့လေ ။
ကျွန်တော်နဲ့ဘယ်လိုမှပင်အချိုးမပြေပေ ။

"သား...ကျန့်ကျန့် မေ​မေ​ပြောတာကြားလား"

"​မေ​မေ...ဘာလို့သားချည်းလာ​ပြောရတာလဲဗျာ
ဒီ​လောက်​​ပြောတာ​တောင်​​တော်​ရုံကျ​သေးလို့လား
မေမေ့ကလေးက ပြောလိုက်ရင်လည်းမထုံတတ်
တေးရုပ်ကလုပ်သေးတယ်"

"ဟဲ့...သား ရှောင်းကျန့်!!
မေမေကသားညီလေးနဲ့သင့်သင့်မြတ်မြတ်
ဖြစ်စေချင်လို့ပြောနေတာ...မင်းနော် ငါလုပ်လိုက်ရ!!

မေမေပြောရင်း လက်ကပါလာပြန်သည် ။

"အ...မေမေရ...နာတယ်ဗျာ"

ရှောင်းကျန့်၏ကျစ်လျစ်လွန်းတဲ့ခန္ဓာကိုယ်အတွင်းရှိ
ဗိုက်ခေါက်ကိုမေမေ့မှာမနည်းဆွဲယူရသည် ။
ရှောင်းကျန့်နာကျင်လွန်း၍မျက်နှာလေးမှာရှုံ့မဲ့နေ၏ ။

"သတိထား...ရှောင်းကျန့်!!"

ဒါကိုပဲကြည့်ကြပါတော့!!

မေမေက အဲ့ဝမ်မျိုးရိုး...ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးနဲ့
ပတ်သတ်လာရင် လုံးဝအထိမခံပါ ။ အခုလည်းကြည့်
ပါလား ကျွန်တော့်ကိုမျက်စောင်းတထိုးထိုးနဲ့ကြည့်နေ
ပါတယ် ။ အဲ့ကောင်လေးနဲ့ယှဉ်လာပြီဆိုရင်တော့ သူက
မေမေ့သားလား ကျွန်တော်ကမေမေ့သားလားဆိုတာ
တောင် ဝေခွဲရခက်သည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Wo Geschichten leben. Entdecke jetzt