အပိုင်း_၃၀

14.4K 1K 32
                                    


Unicode

" ချစ်ရသော ကိုကို " ( အပိုင်း_၃၀ )

"ချီးယား..."

"ဝုိး...ရိပေါ်လေးကသောက်နိုင်တယ်နော်"

"အွင်း"

နှုတ်ခမ်းလေးချွန်ကာ ရီ​ဝ​ေဝေဖြစ်နေသောမျက်ဝန်းလေးတွေသည်လည်း အရောင်တောက်နေတုန်းပင် ။ ရိပေါ်နှုတ်ခမ်းလေးကလည်း
အလိုလိုပြုံးနေသေးသည် ။

"ကုိကို..."

ရိပေါ်သိပ်ချစ်ရတဲ့ယုန်သွားလေးတွေပေါ်
အောင်ရယ်ပြနေသော ကိုကို ။ ရိပေါ်ဖမ်း
ဆုပ်ရန်ကြိုးစားလိုက်ပေမယ့်ကိုကိုကပျောက်
သွား၏ ။

"ဟင့်..."

ရိပေါ်စိတ်မကြည်စွာမျက်နှာလေးပုပ်နေ၏ ။

"အုိးကွာ...ကိုယ်တို့ပေါ်ပေါ်လေးက
ဘာတွေမျက်နှာပုပ်နေတာတုန်း..."

ဒေးဗစ်ကရိပေါ်ပခုံးလေးပေါ်လက်ကလေး
တင်ကာ ကလေးတစ်ယောက်လိုချော့မြူကာ
ပြောနေတော့ ရိပေါ်က ဒေးဗစ်လက်တွေကို
ဆွဲဖယ်လေသည် ။

"ဖယ် ဒေးဗစ်...ငါအိမ်ပြန်တော့မယ်"

"ဟင် ပြန်တော့မှာလား လူတောင်မစုံသေး
တာကို"

"အင်း..."

ရိပေါ်တွန်းဖယ်ကာ ပြိုလဲတော့မည့်ခြေလှမ်း
တွေကိုထိန်းကာလျှောက်နေ၏ ။ အခန်းအပြင်
ဘက်ကိုရောက်တော့ ရိပေါ်တစ်ကိုယ်လုံးသည်
ရင်ခွင်တစ်ခုထဲသွတ်သွင်းခြင်းကိုခံလိုက်ရသည် ။

"ရိပေါ်...ပေါ်ပေါ်!!"

ရိပေါ်ထွက်သွားပြီးနောက် ဒေးဗစ်အနောက်မှ
ထွက်ကာလိုက်လာသည် ။ သို့သော်ရိပေါ်နှင့်
ဒေးဗစ်တိို့နှစ်ဦးသည့်ရှေ့နောက်ထွက်လာချိန်
အနည်းငယ်သာကွာသော် ဒေးဗစ် ရိပေါ်ကို
ရှာမတွေ့ပေ ။

"ပေါ်ပေါ်ဘယ်ရောက်သွားတာလဲ"

ဒေးဗစ် လက်ထဲပါလာသောဖုန်းကိုခေါ်ရန်
ပြင်သည် ။

"မကုိင်နဲ့...မကိုင်ရဘူး..."

ရိပေါ်လက်ထဲတုန်ယင်လာသောဖုန်းသည်
ဆွဲလုခြင်းခံလိုက်ရသည် ။ ရိပေါ်ပြန်လုယူ
သော်ငြား ထိုလူကအလျော့မပေးပါဘဲ ရိပေါ်
ကိုယ်လေးကိုထမ်းသွားကာ ကားထဲပစ်ထည့်
သည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now