အပိုင်း_၃၅

12.4K 890 159
                                    

( Unicode )

" ချစ်ရသော ကိုကို " ( အပိုင်း_၃၅ )

"ရိပေါ် အမေပြောတယ်
မင်းဘာမှမစားဘူးဆို"

အလုပ်ကပြန်လာတဲ့ကိုကိုက ရိပေါ်ကိုနီးနီး
ကပ်ကပ်မရှိပေမယ့် ဂရုတော့စိုက်သား ။

"ဟုတ်တယ် ဘာစားစားအရသာမရှိဘူး"

မျက်နှာငယ်လေးနဲ့ပြန်ဖြေလာသော ရိပေါ်ကို
ရှောင်းကျန့်ကရုဏာသက်စွာ လက်ဖဝါလေး
ကိုဆုပ်ကိုင်လိုက်သည် ။

"ခံတွင်းပျက်တာမှန်ပေမယ့် ကိုယ်တို့ရဲ့
ကလေးလေးအတွက် အဟာရဖြစ်အောင်
ဝင်အောင်တော့စားပါကွာ ဟင်...နော်"

ကိုကိုက ရိပေါ်ဆံပင်အိအိလေးတွေကိုခပ်ဖွဖွ
သပ်ပေးရင်း နူးညံ့စွာဆိုလာသည် ။ ဒီအခိုက်
အတန့်လေးက သိပ်ကိုနွေးထွေးလွန်းလို့ ရိပေါ်
အချိန်တွေကိုရပ်တန့်ချင်မိသည် ။

"ဘာစားချင်လဲ စားချင်တာတစ်ခုခုမရှိဘူးလား"

ကိုကိုပြောတော့ ရိပေါ်ခေါင်းငြိမ့်ပြမိသည် ။

"ကုိကိုချက်ကျွေးပါလား"

"အင်း မင်းလေးတကယ်စားမှာနော်"

"ဟုတ် ကိုကို"

"အုိခေ...ဒါဆိုကိုယ်ချက်လိုက်တော့မယ်"

"ဟုတ်"

ရိပေါ်ဟင်းချက်နေတဲ့ကိုကို့နောက်ကိုလိုက်ပြီး
ကိုကို့လှုပ်ရှားမှုမှန်သမျှကို တစိမ့်စိမ့်ငေးကြည့်
မိသည် ။

ကိုကိုက ဟင်းချက်နေတာ တကယ့်အိမ်ရှင်ထီး
အတိုင်းပဲ ။ ကိုကိုအေပရွန်နဲ့လည်းလိုက်ဖက်
မှုရှိသည် ။

"ကြက်စွပ်ပြုတ်ရယ် ငါးအသားလုံးကြော်ရယ်
ရိပေါ်ထပ်ပြီးတော့ဘာစားချင်သေးလဲ"

"ဟင့်အင်း နှစ်ခုကရပါပြီ"

ဟင်းပန်းကန်နှစ်ခုကမျက်လုံးရှေ့တည့်တည့်
ရောက်လာပေမယ့် ရိပေါ်စားချင်စိတ်မရှိပေ ။
ဗိုက်ကြီးနာစွဲတုန်းကတောင် အစားတွေစား
လို့ရသေးပါရက်နဲ့ အခုလိုမွေးဖွားဖို့ရက်ပိုင်း
လေးမှာ အစားအသောက်ကလာပျက်နေသည်
လေ ။

"စားလေ..."

"ဗျာ...ဟုတ်"

ခေါင်းငုံ့ကာ ဟင်းပန်းကန်ကိုကြည့်လိုက်ပေ
မယ့် ကိုကိုကိုယ်တိုင်ချက်ပြုတ်ပေးထားတဲ့
အတွက်ရိပေါ်ကုန်အောင်စားပစ်ရမည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now