Side Story 😊

3.6K 315 27
                                    

Unicode

"ချစ်ရသော ကိုကို" ( Second Baby_1)

ရှောင်းကျန့်အလုပ်ကအပြန်မူကြိုတက်နေတဲ့
သားကိုဝင်ကြိုပြီးအိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့ကဒန်းလေးပေါ်မှာထိုင်စောင့်နေတဲ့
ရိပေါ်ကိုသူမြင်၏ ။ မြက်ခင်းပြင်ကိုငေးမောကာအာရုံစိုက်ကြည့်နေတဲ့ သူ၏ချစ်ရသူက ခြံဝင်းထဲ ကားဝင်လာသည်ကိုသတိထားမိဟန်မပြင် ။

ကားကိုသာမောင်းဝင်လာခဲ့တော့သည် ။

ရိပေါ်သားကိုကိုယ်ဝန်လွယ်ခဲ့တဲ့အချိန်တွေကိုပြန်တွေးမိတော့ ရင်ထဲဝမ်းနည်းမှုကကြီးစိုးလာတယ် ။ ရိပေါ်အရင်အချိန်တွေကိုပြန်မစဥ်းစားချင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်တိုက်ဆိုင်မှုရှိတိုင်း သားသားကိုသနားမိတဲ့စိတ်ကြောင့် မျက်ရည်လည်မိတာကအကြိမ်ကြိမ် ။

အခုဗိုက်ထဲက ကလေးလေးကိုလည်း သားသားလိုမျိုးမခံစားရအောင် ရိပေါ်အတတ်နိုင်ဆုံးကြိုးစားမည် ။ တကယ်တော့ မိဘတွေလုပ်ခဲ့တဲ့အရာရာတိုင်းက ကလေးတွေနဲ့မှ
မဆိုင်ပဲလေ ။

ပြီးခဲ့တာတွေကိုလည်း အမှတ်မရချင်တော့ပေ ။

ရှောင်းကျန့်မလှမ်းမကမ်းတွင်ရှိနေတဲ့
ကလေးလေးနားရောက်လာခဲ့တယ် ။
သားကိုတော့အိမ်ကူအဒေါ်ကြီးလက်ထဲ
ထည့်ရင်း ချစ်ရတဲ့ကလေးလေးနားကို
တလှမ်းချင်းခပ်ဖွဖွလျှောက်မိတယ် ။

"ဟင့်!!"

ပါးပြင်ပေါ်က မျက်ရည်ဥလေးကိုလက်ခုံနဲ့
သုတ်ဖို့ပြင်တော့ ရိပေါ်လက်ဖဝါးလေးက
နွေးထွေးစွာဖမ်းဆုပ်ခြင်းခံလိုက်ရတယ် ။
မျက်ဝန်းညိုတို့က ရိပေါ်ကိုကရုဏာသက်
စွာဖြင့်ကြည့်လာတယ် ။

"ကိုကို"

ရိပေါ်ရှိုက်သံတို့အကြားမှခေါ်လိုက်မိတယ် ။

"ငိုပြန်ပြီလား သဲငယ်ရယ်"

ရိပေါ်ပါးပြင်ထက်ကျဆင်းစဲမျက်ရည်ဥ
လေးတွေကိုသုတ်ပေးလျက် ရှောင်းကျန့်
ပြောတယ် ။ ပြီးတော့ ရိပေါ်ဘေးနားကို
ဝင်ထိုင်ပြီးကိုယ်လေးကိုထွေးဖက်လိုက်
လေတယ် ။

ပူစစရှိနေတဲ့ဗိုက်လေးပေါ်ရှောင်းကျန့်လက်
တင်လိုက်ပြီးရိပေါ်မျက်နှာလေးကိုကြည့်ရင်း
ပြုံးနေ၏ ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now