အပိုင်း_၂၂

15.5K 1K 122
                                    

Unicode...

" ချစ်ရသော ကိုကို "

ရှောင်းကျန့်ထယ်ဟီးဆီကအပြန်Companyတွင်
မနက်ခင်းMeetingစသည် ။ Meetingပြီးဆုံးတော့
ကွန်ပျူတာစားပွဲရှေ့ထိုင်နေရင်း ရှောင်းကျန့်မှေး
ကနဲအိပ်ပျော်သွားသည် ။ ပါးပေါ်စိုစွတ်နေသော
အရည်ကြည်သည်မျက်ဝန်းအိမ်မှစီးကျလာသည်ထင်
သည် ရှောင်းကျန့်ရင်ဘတ်တွေအောင့်နေ၏ ။

"ကလေး..."

ရှောင်းကျန့်နာကျင်စွာဖြင့် ကလေး ဟုသာဆိုမိ
၏ ။

နေ့လယ်ခင်းပူလောင်သော အချိန်တွင်သူခဏတာ
ပင်ပန်း၍အိပ်ပျော်သွားသည်ပဲ ။ ချွေးစေးအချို့ကို
တစ်ရှူးဖြင့်သုတ်လိုက်ရင်း သက်ပြင်းအရှည်ကြီးချမိ
သည် ။

ရှောင်းကျန့်အိပ်မက်ထဲတွင် ကလေးတစ်ခုခုဖြစ်နေ
ပုံရသည် ။ စားပွဲပေါ်ကဖုန်းကိုယူရင်း ကလေးနံပါတ်
ကိုစိုးရိမ်စွာဆက်လိုက်မိသည် ။

"ကလေး..."

"အင်း ကိုကို ဘာဖြစ်လို့လဲ"

"ကလေး အခုဘယ်မှာလဲ"

"Aww ကျွန်တော်အပြင်ရောက်နေတယ်
ကိုကိုရဲ့..."

"ဟင် အပြင်ကို...ဘယ်သူနဲ့သွားတာလဲ
ဘယ်သူဖုန်းဆက်ခေါ်လို့လဲ အနားမှာ
ဘယ်သူပါသေးလဲ ဘယ်နေရာကိုသွားတာလဲ"

"အုိး...ကိုကိုရယ် မေးတာတွေကများလိုက်တာဗျာ
တစ်ခုစီမေးပါလား"

"အုိခေ...အခုဘယ်သွားနေတာလဲ"

"ကျွန်တော်..."

မဖြစ်ဘူး အစ်မထယ်ဟီးဆီသွားတာကို
ပြောလို့မဖြစ်ဘူး ။

"ကျွန်တော်အိမ်နားက မားကတ်တစ်ခုမှာ
စျေးဝယ်နေတာပါ ကိုကိုရယ်ဘာတွေစိတ်ပူပြီး
စိုးရိမ်​​နေတာလဲ"

"ကလေး...ကိုကိုအိမ်စောစောပြန်ခဲ့မယ်နော်
ကိုယ်စောစောကအိပ်မက်တစ်ခုမက်တယ်...
အိပ်မက်ထဲ...ကလေးက...ကလေးက..."

ဖုန်းပြောရင်း အသံတွေတုန်ရင်ကာ အဖျားသတ်
တိုးဝင်သွားတဲ့ ကိုကို့အသံကိုရိပေါ်သေချာဂရုတ
စိုက်နားထောင်နေ၏ ။

"ကုိကို့ကလေးကိုလူဆိုးတွေဖမ်းသွားကြတယ်"

"Aww ကိုကိုရယ် ကလေးလေးကျလို့...
လူဆိုးတွေဖမ်းသွားတော့ ကိုကိုလာကယ်ပေါ့"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now