အပိုင်း_၂၅

15.7K 1K 79
                                    

Unicode

" ချစ်ရသော ကိုကို " ( အပိုင်း_၂၅ )

"Ice Coffee တစ်ခွက်ပေးပါ"

ဟိုင့်ခွမ်းသည်ရှောင်းကျန့်ကိုကားထဲစောင်​့
ခိုင်းစေရင် ကော်ဖီဆိုင်ထဲဝင်ကာ Ice Coffee
တစ်ခွက်ဝင်ဝယ်သည် ။ နေ့လယ်စာစားပြီးပြန်
လာတော့ တစ်ခုခုသောက်ချင်သည့်အတွက်
ကော်ဖီဝင်ဝယ်ခြင်းဖြစ်သည် ။

"ကျွန်တော်အရင်နော်..."

မိမိထက်နောက်ကျထွက်ပေါ်လာသော အသံ
ငယ်တစ်ခုကြောင်​့ ဘေးကိုကြည့်လိုက်သည် ။
မိမိနီးပါးမဟုတ်သော်လည်း လယ်ဗယ်တန်း
ရှိသော အရပ်မြင့်မြင့်နှင့်ကောင်ချောလေးတစ်
ဦး ။ နဖူးကျဥ်းပေါ်ရှိဆံပင်များကို သပ်တင်ထား
သော ထိုကောင်လေးမှာ အနည်းငယ်စွာတေး
လန်ပုံရသည် ။

"ကျွန်တော်အရင်ရောက်တာပါ
ခပ်မြန်မြန်လေးနော် ကျွန်တော့်သူငယ်ချင်းက
ကားထဲစောင့်နေလို့ပါ ဒီမှာပိုက်ဆံ"

ဟိုင့်ခွမ်းသည် ပိုက်အိတ်ထဲမှပိုက်ဆံအနည်း
ငယ်ကိုထုတ်ယူကာ ကောင်တာပေါ်တင်ထား
လိုက်သည် ။

"ဆုိင်ရှင် ကျွန်တော်မှာထားတာကြာပြီလေဗျာ"

ကျိုးချန်သည် မိမိဘေးမှရပ်နေသော လူအား
ကြည့်သည် ။ နေ့လယ်ပူပူတွင် လည်သာအကျ်ီ
ကိုဝတ်ထားသော ထိုလူ့ကိုကြည့်ရင်း ကျိုးချန်
အတော်ပင် ပူအိုက်နေသည် ။

ထိုတွင်မကသေးဘဲ မိမိနောက်ကျမှရောက်လာပြီး အလျင်အမြန်လုပ်ခိုင်းနေသော ထိုလူအား
ကျိုးချန်မျက်စောင်းတွေသာ ထိုးမိသည် ။

"ကျွန်တော်ငွေအရင်ပေးထားတယ်"

ဟိုင့်ခွမ်းသည်အနည်းငယ်အထွန့်တက်ကာ
ပြောတော့ ကျိုးချန်မျက်စောင်းတွေသည်
ဟိုင့်ခွမ်းပေါ်ကျရောက်နေ၏ ။

"ငေွအရင်ပေးတဲ့သူ အရင်ရကြေးလား
ဆိုင်ရှင် ဒါဆိုဒီမှာပိုက်ဆံပါ"

ကျိုးချန်သည်ကော်ဖီဖိုးထက်ပိုသော ငွေတွေ
ကို ကောင်တာဆီတင်လိုက်သည် ။

ဘာလဲ ဒီကောင်လေးအလာချည်းပါလား ။

ဟိုင့်ခွမ်းမင်သက်နေတုန်းမှာပင် ဆိုင်ရှင်
လှမ်းပေးသော Ice Coffeeအား ထိုကောင်လေး ယူသွားနှင့်ပြီ ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now