အပိုင်း_၂၇

17.3K 1K 61
                                    

Unicode

" ချစ်ရသော ကိုကို " ( အပိုင်း_၂၇ )

Weibo App၏စာမျက်နှာတွင်တက်လာသော
ရှောင်းကျန့်Accountဆီမှကောင်းကင်ပြာပြာ
အောက်ရှိပင်လယ်ပြင်၏ဘေးပတ်လည်တွင်
စိမ်းစိုသော အုန်းပင်ရှည်ကြီးများပါနေသည် ။ အလွန် သာယာလှသည့်ဓာတ်ပုံလွှာတစ်ခုတွင် ကောင်ငယ်လေးတစ်ဦး၏ထိုင်လျက်သား ကျောပြင် အသေးစားလေးသည်လည်းပါဝင်နေ၏ ။

ဟိုင့်ခွမ်းသည် အိမ်မပြန်လာသော သူတို့မောင်နှံ
ကိုစိတ်ပူ၍နေသည့်အလျောက် ထိုသူတို့က
ပျော်မြူးနေကြသည်တဲ့လေ ။ ဟိုင့်ခွမ်းစိတ်တို
တိုနှင့် ရှောင်းကျန့်ထံဖုန်းဆက်လေသည် ။

"ဪ...အဆင်ပြေနေကြတယ်ပေါ့လေ"

"ဘာကို..."

"ပုံတင်ထားတာတွေ့တယ်
ငါ့မှတော့စိတ်ပူလိုက်ရတာ ခွေးကောင်"

"ဆောရီးပါ သူငယ်ချင်းရာ
မင်းကိုအသိမပေးလိုက်ရဘူး"

"အေးပါ...ပြန်လာမှမင်းကိုနှိပ်စက်ဦးမယ်"

"ဒေါက်တာ လူနာလာပါတယ်"...သူနာပြုမလေး၏ လျှပ်တစ်ပျက်အသံကြောင့် ဟိုင့်ခွမ်း
ဖုန်းချလိုက်၏ ။

"နောက်မှဆုံမယ်"

"အေး...ဘိုင့်ဘိုင့် ဟျောင့်"

ရှောင်းကျန့်အုန်းပင်ရိပ်အောက်တစ်နေရာတွင်
အခန်းသားထိုင်နေသော ကလေးနံဘေးနား
တွင် ဝင်ထိုင်တော့ ကလေးကရှောင်းကျန့်ရောက်သည်ကိုသိ၍ အနည်းငယ်ခွာထိုင်လေ
သည် ။

ရှောင်းကျန့်နှုတ်ခမ်းလေးတွေပြုံးမိသည် ။

ရှောင်းကျန့်ကိုမသိမသာလေး နှိပ်စက်နေသော
ကလေးကိုဒေါသမထွက်ရက်သည့်အပြင် ပို၍
သာ ချစ်သည် ။ မြတ်နိုးသည် ။ အသည်းအူးယား
မိသည် ။

"ဝါး...အူဝါး..."

လပိုင်းသာသာလေးရှိသော ကလေးငယ်၏
အော်ဟစ်ငိုသံသည် ဆေးရုံတစ်ခွင်ဆူညံလျက်
ရှိ၏ ။

"ဆရာရယ် ကူညီပါဦး...ကျွန်မသမီးလေး
မနေ့ကတည်းကဖျားနေခဲ့တာ အခုထိအဖျား
မကျသေးလို​့..."

သားသမီးဇောဖြင့်အပူမီးတောက်လောင်နေ
သော သူမသည်ပတ်ဝန်းကျင်ကိုဂရုစိုက်၍
မအားပေ ။ သူမသမီးလေးအတွက်သာ ပူပန်
နေ၏ ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now