Season_2 ( 3 ) Final

19.9K 937 40
                                    

( Unicode )

" ချစ်ရသော ကိုကို " ( အပိုင်း_၃ )

"ကုိကို...ကိုကိုရေ ထပါဦး"

ရိပေါ်လဲကျသွားတဲ့ ကိုကို့ကိုယ်ကြီးကို
မနည်းမထူကာ အိပ်ရာပေါ်တွဲတင်ရသည် ။

"ပါးပါး...ပါးပါး"

အသံသေးသေးလေးက ရိပေါ်ကိုခေါ်သည်
ကြောင့် ဘေးကိုအမြန်သွားရသည် ။

"ရှူး...သားသား ဒယ်ဒီအိပ်နေတယ်"

ရိပေါ်နှုတ်ခမ်းပါးလေးပေါ်လက်ညှိုးတင်ရင်း
တိတ်တိတ်နေစေရန်အချက်ပြတော့ ပါးနပ်
လှတဲ့သားသားက သူ့နှုတ်ခမ်းလေးပေါ်လက်
ဖဝါးအုပ်ကာ ငြိမ်နေတော့၏ ။

"အမလေး...ပါးပါး သားကချစ်ဖို့ကောင်းလိုက်
တာ...လာ...ပါးပါးနဲ့မျက်နှာတူတူသစ်ရအောင်"

သားကိုရေချိုးခန်းထဲချီကာ မျက်နှာသစ်ပြီးတစ်
ကိုယ်ရည်သန့်ရှင်းရေးလုပ်ကြရင်း သားနှင့်အတူရိပေါ်လည်းအင်ကျီလဲရင်း သားကိုမနက်
စာစားဖို့ပြင်ဆင်ပေးရသည် ။

"ရှင်းလေး...အာ..."

ရိပေါ်ကသားပါးစပ်နားလေးထမင်းခွန့်ကျွေး
တော့ သားသားကပါးစပ်ဟပေး၏ ။

"ပါးပါး ရှင်းသာသာစားနိုင်တယ်"

"ဟင်..."

ရိပေါ်လက်ထဲကဇွန်းကိုသားက လှမ်းယူရင်း
ပန်းကန်ထဲကထမင်းတွေကိုခပ်စားနေသည် ။

"ဒယ်ဒီကပြောတယ် ကိုယ့်အားကိုယ်ကိုး
တတ်ရမယ်တဲ့!!"

ရှင်း စကားကြောင့်ရိပေါ်မှ မျက်လုံးအဝိုင်း
သားရယ် ။ မျက်ဝန်းအိမ်ထဲလည်းမျက်ရည်
အိုင်များကပြည့်လျှံလာခဲ့သည် ။

အရွယ်နဲ့မလိုက်အောင်တတ်လွန်းတဲ့သား ။
စိတ်ဓာတ်ကလည်းကြံ့ခိုင်းလွန်းသည် ။

သားကို ထားခဲ့မိလို့ကိုယ့်ကိုကိုယ်နောင်တရ
မိပါသည် ။ သားကိုအခုလိုခွဲခြားစေချင်ခဲ့တာ
မဟုတ်ဘူး ။ သားကိုငယ်ငယ်လေးကတည်း
က ကိုယ်တိုင်ပျိုးထောင်ချင်ပေးခဲ့တာ ။ ဘဝ
အခြေအနေကမပေးတော့ သားကိုလက်လွှတ်
ခဲ့ရတယ် ။

သားအခုပြောလိုက်တဲ့စကားက ဘာရယ်မှ
မဟုတ်ပေမယ့်ရိပေါ်ကိုဝမ်းနည်းသွားစေခဲ့
တယ် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now