အပိုင်း_၈

18.6K 1.3K 130
                                    

Zawgyi...

" ချစ်ရသော ကိုကို " ( အပိုင်း_၈ )

"အွန်း...ရိပေါ်...ညက မင်း!!"

ရိပေါ်ခေါင်းငြိမ့်ပြသည် ။
အခုလောလောဆယ် ရိပေါ်ရင်ဘတ်ကြီးတစ်ခုလုံး
လစ်ဟာနေ၏ ။

ကိုကိုဘာကြောင့်အဲ့လိုတွေပြောထွက်နိုင်ရတာလဲ ။
ကိုကိုစိတ်ဆိုးသွားပြန်ပြီနေမယ် ။

သက်ပြင်းတရှိုက်ရှိုက်နှင့်ရိပေါ်ကို ကျိုးချန်အိပ်ချင်မူး
တူးဖြင့်ကြည့်နေသည် ။ ညကရိပေါ်နှင့်အတူသောက်
ရင်း မိမိမှာအရင်မှောက်သွား၏ ။ အခန်းထဲဘယ်လို
ပြန်ရောက်လဲတောင် မသိတဲ့မိမိ ။ ရိပေါ်နှင့်သေချာ
စွာ အတူအိပ်မယ်ပြောပြီးရိပေါ်ကညကဘယ်မှာသွား
အိပ်သည်လဲမသိပါ ။

"ဝမ်ရိပေါ်...မင်း..."

"ကျိုးချန်"

ကျိုးချန်မိမိလည်ပင်းကိုစိုက်ကြည့်ရင်း အနည်းငယ်
ဟနေတဲ့ ရင်ဘတ်ကိုဆွဲလှန်၏ ။ ရိပေါ်တားလိုက်
ပေမယ့် မမှီတော့ပေ ။

"မင်းရင်ဘတ်က အကောင်ကိုက်တာလား
ဘာတွေလဲ...ညက မင်းဘယ်သူနဲ့..."

"ကိုကို..."

"အမလေး...ဘုရားရေ!!"

ကျိုးချန်အိပ်ရာပေါ်မှထခုန်မတတ်ဖြစ်သွားရသည် ။
ကျိုးချန်မျက်လုံးတွေဘယ်လိုမှမယုံနိုင် ။ ဒီလူက
ဝမ်ရိပေါ်ကို ဘယ်လိုတောင်ကိုက်ထားရတာလဲ ။

"သနားစရာကောင်းလိုက်တဲ့ ညီလေး ဝမ်
မင်းကိုယုန်ကိုက်သွားတာကို"

ကျိုးချန်စကားတွေကိုရိပေါ်မကြားနိုင် ။ ရိပေါ်မျက်လုံး
ထဲ မြင်မိသူက ကိုကိုသာ ။ ရိပေါ်ရေချိုးခန်းထဲကိုပြေး
ဝင်သွား၏ ။ ရိပေါ်ရေချိုးခန်းမှန်ကိုသာ ကြည့်နေရင်း...

ဟင့်အင်း ကိုကို့ကိုသေချာပြန်တောင်းပန်ရမယ် ။
ဟုတ်တယ် ရိပေါ်ကိုကို့ဆီကိုအမြန်သွားရမယ် ။

ရေပန်းကရေကိုအမြန်ပိတ်ရင်း ရိပေါ်ရေချိုးခန်းထဲမှ
ပြေးထွက်လာတော့ ရေချိုးရန်ဝင်လာသည့်ကျိုးချန်မှာ
အလန့်တကြားဖြစ်သွားပြန်သည် ။

"ဘာဖြစ်လို့လဲ ဝမ်ရိပေါ်
ရေချိုးခန်းထဲမြွေထွက်လာလို့လား"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now