Happy New Year ( 👨‍👨‍👧‍👦 💗 )

14.2K 789 79
                                    

#unicode

"ချစ်ရသော ကိုကို" ( H.N.Y )

"ကုိကိုရယ် နှစ်သစ်ကူးလေးတောင်
အလုပ်ကမနားရဘူးလား..."

မနက်ကတည်းက ပွစိလေးရွတ်ကာ တညံညံ
လုပ်နေတဲ့ခင်ပွန်းလေးကို သူမည်မျှပင်ချော့
မော့ကာ ချော့နေပါစေ အိမ်သူသက်ထားက နှုတ်ခမ်းလေးတထော်ထော်နှင့်သူအား
စိတ်ဆိုးကာ ဆောင့်အောင့်နေသည် ။

"ကလေးကလည်းကွာ ကိုကိုကတကယ်
အရေးကြီးလို့ပါ မဟုတ်ရင်ကိုယ်လည်း
မသွားပါဘူး...နော် ကိုကို့ကလေးကကိုယ့်
ကိုဒီတစ်ခါလောက်လေးပဲ..."

"ဟင့်အင်း ဟင့်အင်း ရိပေါ်ကိုဘာမှလာ
မပြောနဲ့ ကိုကိုကလေ အမြဲတမ်းပဲမိသားစု
နဲ့အလုပ်ဆို ကိုကို့အလုပ်ကပဲအမြဲနံပါတ်
တစ်မဟုတ်လား ဟင့်"

ပါးစပ်ကသာပြောနေပေမယ့်လက်ကလေး
တွေက သူ့နက်ကတိုင်ကြိုးကိုကျနစွာချည်
ပေးနေသေးသည် ။ စိတ်တိုင်းမကျတဲ့သူ့ကို
ဆူပူပြောနေသော်လည်း ရိပေါ်ကအမြဲတမ်း
သူ့ကိုပဲဦးစားပေးတတ်တဲ့သူ ။ မျက်ရည်လေး
တွေဝေ့သီလာတဲ့ ယောကျ်ားပိစိရဲ့ကိုယ်ကို
ရင်ခွင်ထဲသိမ်းဖက်မိတော့ ကောက်စိန်လေး
က ရင်ခွင်ထဲတွန့်ထိုးတယ် ။

"လွှတ် ဟင့် ကိုကိုကအမြဲတမ်းအဲ့လိုပဲ
ဖယ် ဖယ်..."

စိတ်ကလေးကောက်ကာ ရင်ခွင်ထဲလူးလွန့်
နေတဲ့ယောကျ်ားသေးသေးလေးကို အတော်
ကြာသည်ထိဖက်ထားလိုက်တော့ ရုန်းရင်း
ငိုရင်းမောသွား၍ထင်တယ် ။ ရင်ခွင်ထဲငြိမ်
သက်နေလို့ရယ် ။

"ဟင့် ကိုကိုမကောင်းတဲ့လူကြီး"

"ဟင့် အဟင့်"

"မငုိရဘူးကွာ...ကိုယ်ကပြီးတာနဲ့ချက်ချင်း
ပြန်လာမှာလေ အချစ်ရယ်...မင်းကငိုနေတော့
ကိုယ်လည်းစိတ်မကောင်းဘူး မငိုရဘူး
တိတ် တိတ်...အိုး ကိုကို့ချစ်လေးကကွာ
ရှင်းရဲ့ပါးပါးဖြစ်နေပြီ အငိုထူတုန်းပဲ
ရှင်းတွေ့သွားမှာမရှက်ဘူးလား ဟဟား"

သူကရိပေါ်ကို ကလေးလေးတစ်ယောက်လို
ယုယစွာချော့ပေမယ့် ရိပေါ်ဒီလောက်နဲ့မကျေ
နပ်ချင် ။

"ငုိတယ် ငိုတယ် ဟင့် ငိုတော့ဘာဖြစ်လဲ
ကလေးအဖေဖြစ်တာနဲ့ပဲမငိုရတော့ဘူးလား
ဟင့် ကိုကိုပဲကလေးကိုယူထားတာမဟုတ်
လား ဟင့်...တော်ပြီ ကိုကိုလည်းကြိုက်သလို
လုပ် ရိပေါ်ကိုလာမခေါ်နဲ့ !!"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now