အပိုင်း_၂၆

14.4K 1K 38
                                    

Unicode

" ချစ်ရသော ကိုကို " (  အပိုင်း_၂၆ )

"ကလေး...ကလေး နေဦးလေကွာ"

ရှောင်းကျန့်ရိပေါ်လက်ကလေးအား လှမ်းကိုင်
တော့ ရိပေါ်ကရုန်းသည် ။ အဝတ်အစားအချို့
ကိုလည်းအိတ်တစ်အိတ်နှင့်ထည့်ထားသေးသည် ။

"ဘာလုပ်တာလဲ...လွှတ်"

"ကလေး ကိုကို့သဘောမပါဘဲဘာကိုမှ
လုပ်ခွင့်ပေးမှာမဟုတ်ဘူး..."

"ရေှာင်း...ကျန့်"

ရှောင်းကျန့်နှင့်ရိပေါ်ကိုကြည့်နေရင်း ဟိုင့်ခွမ်း
စကားတွေဆွံ့အနေသည် ။ သူတို့ကြားက
ပြဿနာသည် အတော်ပင်ကြီးမားပုံရှိမည် ။

"လွှတ်...ကျွန်တော်အခုမေမေတို့နဲ့သွားနေ
မယ် ခင်ဗျားနဲ့မနေနိုင်ဘူး"

"ကလေး...အ အား"

လက်ကိုအားဖြင့်ဖိချကာ ကိုက်လိုက်တဲ့ကလေး
ကြောင့်ရှောင်းကျန့်လက်အသားထဲမှသွေးများ
ပင်စိမ့်ထွက်လာခဲ့တော့ ရိပေါ်မျက်ဝန်လေးဝိုင်း
သွားကာ အံ့ဩသွားပေမယ့်လည်း သူမမြင်ချင်
ယောင်ဆောင်ရင်း ရှောင်းကျန့်ဆွဲထားသော
လက်ကိုခါလိုက်ရင်း အိမ်ရှေ့ကိုပြေးထွက်သွား
၏ ။

"ကလေး..."

ရှောင်းကျန့်လှမ်းခေါ်သော် ရိပေါ်ကလျင်မြန်
စွာ လမ်းအကွေ့တွင်ထွက်လာသော Taxiကို
လှမ်းတားကာ ကားပေါ်တက်သွားလေသည် ။

"ရေှာင်းကျန့်..."

"အားတော့နာပါတယ် ဟိုင့်ခွမ်းရာ...
ဝယ်လာတဲ့စားစရာတွေကို ကိုယ့်ဘာသာ
ချက်စားလိုက်တော့နော် ငါ့ကလေးနောက်
ကိုအမြန်လိုက်မှဖြစ်မယ်"

"ဟင်...ဪ အေး...လိုက်သင့်တာပေါ့
အမြန်လိုက်သွားလေ"

"ကေျးဇူး သူငယ်ချင်းရာ
ငါ့အိမ်ကိုမင်းနဲ့အပ်ခဲ့ပြီနော်"

"ဪ...အေးပါ"

ယောကျ်ားပူမိနေသော ရှောင်းကျန့်ကို
ကြည့်နေရင်း ဟိုင့်ခွမ်းသက်ပြင်းလေပူအား
ဆယ်ကြိမ်လောက်ချမိသည် ။

လူ​တွေကအိမ်ထောင်ကျသွားရင် အခုလိုပဲ
ပြောင်းလဲသွားကြတယ်ပေါ့လေ

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now