အပိုင်း_၂၃

16.6K 1K 95
                                    

Unicode...

" ချစ်ရသော ကိုကို " ( အပိုင်း_၂၃ )

"ကလေးငယ်"

ရှောင်းကျန့်နှုတ်ဖျားမှမြည်တွန်မိသည် ။ သူနာပြုဆီ
ပါသွားသောဖိုင်တွဲရှိစာရွက်လေးတွင် သူပိုင်ဆိုင်သော
အသက်နှစ်ချောင်းရှိလေ၏ ။ ထိုထဲမှာ သူအတ္တဆန္စွာ
ဖြင့် ကလေးငယ်ကိုလက်လွှတ်ခဲ့မိသည် ။

"ရိပေါ်...သားငယ်အခြေအနေဘယ်လိုတဲ့လဲ"

မားသည်ဆေးရုံတွင်းဝင်ရောက်လာကာ ရှောင်းကျန့်
ကိုကျော်လွန်ကာ ကျိုးချန်ဆီဦးတည်သွားသည် ။

"တောင်းပန်ပါတယ် ကျွန်တော်ဆေးရုံးကို
အမှီလာခဲ့ပေမယ့်...ရိပေါ်အသက်ကိုပဲမှီလိုက်တယ်"

ကျိုးချန်သည်ကြေကွဲအက်ရှစွာနှင့်ပင်ပြောကာ
တစ်ဖက်ကိုမျက်နှာလွှဲလိုက်၏ ။ မားမှာတော့
ဘာမှပြောမပလောက်အောင် မျက်ရည်ကျနေခဲ့
သည် ။

"အမေ ကျွန်တော်..."

"ပါးစပ်ပိတ်ထား ရှောင်းကျန့်
ကလေးအခုလိုဖြစ်ရတာ ဘယ်သူ့ကြောင့်လဲ"

မားသည်ဝမ်းနည်းရှိုက်ဖိုကာ ရှောင်းကျန့်ရင်ဘတ်
ကိုထုကာအော်ဟစ်ငို၏ ။

"တောင်းပန်ပါတယ် မား
ကျွန်တော်တကယ်တောင်းပန်ပါတယ်"

"နောက်ကျသွားပြီ အရာအားလုံးလက်လွန်ကုန်ပြီ
သိလား ကျန့်ကျန့်ရဲ့ သားငယ်ကလေ ဒီကလေးလေး
ကိုကိုယ်ဝန်​ဆောင်ဖို့ဆေးတွေနဲ့စမ်းသပ်ခံပြီးမှ
ခပ်ခက်ခဲခဲကုသမှုတွေခံပြီးမှရလာတဲ့ကလေးငယ်ပါ
သူလေ အထဲက ကလေးလေးရလာတော့ ဘယ်လောက်
ပျော်နေခဲ့လဲ မင်းမသိပါဘူး"

သူမသည်ပြောရင်း ရှိုက်ကာ မျက်ရည်များအား
သုတ်သည် ။

"မင်းကိုဖွင့်ပြောဖို့ငါတိုက်တွန်းခဲ့တော့
က​ေလးကပြောတယ် မင်းကိုနောက်မှအသိပေး
မယ်တဲ့လေ မင်းသိရင်အရမ်းပျော်နေမှာတဲ့...
မင်းကတော့ အဲ့လိုဘယ်ဟုတ်ခဲ့ပါ့မလဲ ငါ့သားရယ်
ဟိုမိန်းမယုတ်မရဲ့ကိုယ်ဝန်ကိုအသည်းအသန်ဂရုစိုက်
ပြနေခဲ့တယ်မလား ရှောင်းကျန့်..."

"မား...ကျွန်တော်မှားပါတယ်
ကျွန်တော့်အမှားတွေပါ မှားသွားပါတယ်"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now