အပိုင္း_၃၄

11.9K 914 40
                                    

" ချစ်ရသော ကိုကိို " ( အပိုင်း_၃၄ )

"သားငယ်...ရေပြန်ချိုးလိုက်ပါဦး
တစ်မနက်လုံးကိုကို့အနားနေတာ
ပင်ပန်းရောပေါ့"

မေမေကအိမ်ကိုပြန်ပြီးရိပေါ်စားဖို့အတွက်
ပြန်ချက်ပြုတ်ပြီးကိုကို့ကိုဆေးရုံလာစောင့်
ပေးသည် ။

ကိုကိုအတွက်လုပ်ပေးသမျှကို ရိပေါ်ဘယ်
တုန်းကမှပင်ပန်းတယ်လို့မမှတ်ယူဖူးပေ ။

ကိုကို့ကိုအဆုံးထိချစ်နေမှာမို့ ။

ကိုကို့မျက်နှာသည်တစ်နေ့တစ်ခြားပိုမိုနုပျို
နေသလိုပင် ရရှိထားတဲ့ဒဏ်ရာတွေကတော့
ပျောက်လုနီးပါးရှိနေပေမယ့် ဆိုးသည်က
ကိုကိုသတိမရလာခြင်းဖြစ်၏ ။

ရာသီတစ်ခါသီကူးပြောင်းလာလို့အခုနွေဦး
တောင်ရောက်ပြီ ။ နွေဦးရာသီကအရင်ဆောင်း
ရာသီလိုအရမ်းကြီးအေးစက်မနေပေမယ့်လည်း
အလွမ်းအငွေ့သက်တွေကိုခံစားနေရသည် ။

ကိုကို...

ကျွန်တော့်ဗိုက်ထဲက ကလေးလေးကလေ
ယောကျ်ားလေးတဲ့ ။ အရမ်းလည်းဖွံ့တယ် ။
ပြီးတော့လေ ညညဆိုခြေထောက်လေးနဲ့
ကန်လွန်းလို့ ကျွန်တော်ခဏခဏနိုးရတယ် ။

ကိုကိုသိလား အဲ့ကောင်လေးကကြီးလာရင်
ဘောလုံးသမားဖြစ်မယ်နဲ့တူတယ်နော် ။

"အ..."

ဗိုက်ကိုအတင်းထိုးတက်လာတဲ့အရာလေး
ကြောင့်ရိပေါ်ညည်းမိသည် ။

တွေ့လား ကိုကို...ဒီကောင်လေးဆိုးပါတယ်ဆို ။
ကိုကိုမြန်မြန်ပြန်သတိရတော့နော် ။ အဲ့ကောင်
လေးက အခုကတည်းက ကျွန်တော့်ကိုဆိုးနေ
ပြီ ။ ကိုကိုဆုံးမပေးပါ ။

"အင့်...ဟင့်"

ကိုကို့ခုတင်ဘေးမှာထိုင်ရင်း ကိုကို့လက်ဖဝါး
လေးကိုနမ်းရှိုက်ကာ ရိပေါ်တိတ်တိတ်လေးငို
မိသည် ။ လက်ခုံပေါ်ကျသွားသော မျက်ရည်
စက်လေးကို ကိုကိုခံစားမိ၍အလား ကိုကိုက
မျက်မှောင်ကြုတ်သွား၏ ။

"သားငယ်...ဟင်...သားငယ် ဘာဖြစ်လို့လဲ"

အမေသည်ငိုနေသော သူ့ထံသို့အပြေးလာပြီး
ပွေ့ဖက်သည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now