အပိုင်း_၃

18.7K 1.4K 14
                                    

Zawgyi...

" ချစ်ရသော ကိုကို " ( အပိုင်း_၃ )

"ရိပေါ် မင်းရုပ်ကြီးကဘာဖြစ်နေတာလဲ"

ကျောင်းမှသူငယ်ချင်းလေးက မျက်နှာညှိုးနေတဲ့
ရိပေါ်ကိုမေးလာ၏ ။ ရိပေါ်ဘယ်လိုဖြေရမလဲ ။
ကိုကိုနဲ့စိတ်ကောက်လာတယ်လို့ဖြေရမလား ။
အဲ့လိုဖြေဖို့ကျ တကယ်တမ်းကိုကိုရိပေါ်စိတ်ဆိုး
နေတာတောင်မသိတဲ့သူ ။

"ရိပေါ်ကလဲ...ပျော်ပျော်နေစမ်းပါ
သူငယ်ချင်းလေးတွေဆုံတုန်းလည်ကြမလို့
မင်းကအဲ့လိုဖြစ်နေတော့ ငါတို့လည်းဘယ်
ပျော်တော့မလဲ"

ဟုတ်သည် တကယ်ဆိုဒီနေ့ကျောင်းရဲ့မိတ်ဆုံစားပွဲ ။
အခန်းမတူတဲ့သူငယ်ချင်းလေးတွေနဲ့အခုမှဆုံဖြစ်ကြ၏ ။

စုန့်ကျီးယမ်စကားကို ဝမ်ဟောက်ရွှမ်းကခေါင်းငြိမ့်
ထောက်ခံသည် ။ ကျန်တဲ့သူငယ်ချင်းလေးတွေက
လည်းဝိုင်းပြောတော့ ရိပေါ်မှာပြုံးပြလိုက်ရ၏ ။

သို့သော်လည်း ကိုကိုပါးစပ်ဖျားမှ"ချစ်တယ်"ဆိုတဲ့
စကားက ရိပေါ်နားထဲကထွက်မသွားနိုင်ခဲ့ ။

ထို့ကြောင့်လည်းစိတ်နဲ့လူကမကပ်ချင် ။

"ဟေ့ ဝမ်ရိပေါ် ကြားရဲ့လားလို့"

စုန့်ကျီးယမ်ကထပ်ပြောလာတော့ ရိပေါ်ထိုအကြောင်း
ကိုမတွေတော့ပဲ သူငယ်ချင်းများကိုသာအာရုံထားလိုက်
၏ ။

"ဟင်​...အင်း ကြားပါတယ်"

''ဘာဖြစ်​​နေတာလဲ "

"ဟင့်​အင်း...ဒီ​နေ့ရုပ်​ရှင်​ကို
မင်းတို့ပဲသွားကြည့်​ကြ​တော့
ငါအိမ်​ပြန်​​တော့မယ်​"

"ရိပေါ်...ဝမ်ရိပေါ်"

သူငယ်ချင်းများခေါ်နေပေမယ့် ရိပေါ်တွေဝေခြင်း
မရှိပါဘဲ ထွက်သွားခဲ့သည် ။ ဘယ်ကိုသွားရမှန်း
မသိပေမယ့်လို့ပေါ့ ။

"​မောင်​"

"အင်း ထယ်ဟီး"

"ထယ်ဟီးတို့ဘယ်​​တော့​လောက်
လက်​ထပ်​ကြမလဲ"

"ဟို​လေ အဲ့တာက"

သိတယ်​​ မောင်​ ။

ထယ်ဟီး ဒီစကားကိုမိန်းကလေးတန်မဲ့ပြောရတာ
မောင့်ကိုသိပ်ချစ်လို့ပါ ။ မောင်ကတော့ ထယ်ဟီး
မေးတိုင်းစကားလွှဲသွားတတ်တယ် ။ မောင် ထယ်ဟီး
ကို တကယ်ချစ်တာရောဟုတ်ရဲ့လား ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now