( Unicode )
" ချစ်ရသော ကိုကို " ( အပိုင်း_၃၃ )
ရှောင်းကျန့်ခြံထဲကိုကားမောင်းဝင်လာတော့
အိမ်ရှေ့သစ်ပင်ပင်စည်းပုလေးထက်စာအုပ်ထိုင်
ဖတ်နေတဲ့ ကလေးငယ်ကိုမြင်သည် ။ ကလေး
က သူ့ကိုမြင်ပုံလည်းမပေါ် သူပြန်လာသည်ကို
တောင်သိမည်မထင်လေ ။သစ်ပင်အောက်နားစာထိုင်ဖတ်နေတဲ့ကလေးက
ပုံပြင်ထဲကမင်းသားလေးနဲ့တူသည် ။ ထိုအနေ
အထားလေးက ပန်းချီရုပ်ပြတစ်ခုလိုပင် ။ပြန်ရောက်ကတည်းက အမေတို့အိမ်မှာနေတာ
ယခုဆိုတစ်လနီးပါးလောက်ရှိပြီ ။ ကလေးက
သူ့ခွင့်ပြုချက်မရဘဲ သူ့ကိုမထိရဘူးဆိုပြီးအမိန့်
ထုတ်ထားတော့ ကိုယ်မှာဥပုဒ်စောင့်ရတာလည်းများလှပြီ ။ကလေးသူ့ကိုမသိမသာနှင့်ပလစ်တာလည်း
များနေပြီ ။ အမေတို့အိမ်မို့ကြမ်းတမ်း၍မရ
သလို ကလေးနဲ့ကအခုမှစစ်ပြေငြိမ်းစာချုပ်
ထားရတယ်ဆိုတော့ကား ရှောင်းကျန့်ဘဝ
သည် မစားရအညှော်ခံနေရသည်ပင် ။ကလေးကတော့ သူမဟုတ်သလိုနေနိုင်သည်
လေ ။ တွေးရင်းတွေးလေ ရှောင်းကျန့်ရင်ထု
မနာဖြစ်ရသည် ။"အိမ်ပြန်ဖို့သင့်ပြီ ရိပေါ်"
"မပြန်ချင်ပါဘူး" ဟုဆိုကာ ကလေးက
သူဖတ်နေတဲ့စာအုပ်ကိုပိတ်ချလိုက်ပြီးရှောင်း
ကျန့်ရှေ့မှထွက်သွားဖို့ပြင်သည် ။"နေဦး...ဘာလို့မပြန်ချင်တာလဲ
မသိရင်ကိုယ်ကကိုယ်ယူထားတဲ့ ယောကျ်ားကို
မိဘအိမ်မှာကပ်တွယ်ပြီးတင့်တောင်းတင့်တယ်
မထားနိုင်ဘူးလို့ သူများတွေအထင်မြင်သေး
တာခံစေချင်လို့လား""ကုိကိုနော်...မဆိုင်တာတွေကို"
"ဆုိင်တယ် သိပ်ဆိုင်တယ် မင်းအခုဘာတွေ
လုပ်နေလဲ ကိုယ်မသိတော့ဘူး မင်းကိုယ့်ကို
ဘာဖြစ်စေချင်နေတာလဲ""အင်း...ဘာဖြစ်စေချင်နေလဲဆိုတော့
ကိုကို ရိပေါ်ကိုနမ်းလေ..."ရိပေါ်ကပြောင်စပ်စပ်ဖြင့်စကားပြောသည် ။
ရှောင်းကျန့်မျက်ခုံးတန်းကြီးနှစ်ခုကလည်း
ကွေးလို့ရယ် ။
YOU ARE READING
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanfictionZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...