အပိုင်း_၂

21.4K 1.4K 8
                                    

Zawgyi...

" ချစ်ရသော ကိုကို " ( အပိုင်း_၂ )

လွန်​ခဲ့​သောနှစ်​​နှစ်​​လောက်​က ရိပေါ်အထက်​တန်း
စတက်​​တော့​ဖေ​ဖေနဲ့​မေ​မေက ရိပေါ်အတွက်​ ဂုဏ်​ပြု
လက်​​ဆောင်​​လေးဝယ်​ပြီးအပြန်​တွင် ကား accident
ဖြစ်ခဲ့သည် ။

ကံအကြောင်းမလှတဲ့ကလေးလေးသည် မိဘနှစ်ပါးလုံး
ကိုတစ်ပြိုင်နက်ဆုံးရှုံးလိုက်ရသည် ။ ထိုအချိန်က ရိပေါ်
မိဘများ၏မိတ်ဆွေအရင်းချာများဖြစ်ကြသော ရှောင်းကျန့်
မိဘများကခေါ်ယူ​မွေးစားခဲ့ကြသည်​​ ။

ရိပေါ်ကို ရှောင်းကျန့်မိဘတွေကလည်း သားအရင်း
တစ်ယောက်လိုချစ်ကြသည် ။ ရိပေါ်ထင်ခဲ့သည် ။
ကိုကိုလည်း ဖေဖေနဲ့မေမေ့လို ရိပေါ်ကိုချစ်ခဲ့မယ်လို့လေ ။

ရိပေါ်အတွေးတို့မှားခဲ့သည် ။ ရိပေါ် ရှောင်းအိမ်တော်ကို
စရောက်လာကတည်းက ကိုကိုရဲ့အမြင်မကြည်မှု ။
စက်ဆုပ်မှုတွေကိုပဲခံစားခဲ့ရသည် ။

ရိပေါ်ရောက်စကအသက်၁၇သာရှိသည် ။ ကိုကိုက
၂၄နှစ်ပင်ရှိပြီ ။ ကိုကိုသည်တက္ကသိုလ်ကဘွဲ့ရရှိ
ထားပြီးချိန်လည်းဖြစ်သည် ။ ရိပေါ်ကအထက်တန်း
သာရှိသေးသည် ။

"ဝမ်ရိပေါ် ဘာလို့​ကျောင်း​နောက်​ကျတာလဲ"

ရိပေါ်ကျောင်းခေါင်းလောင်းထိုးချိန်ကျော်မှကျောင်းထဲ
ရောက်လာခဲ့၏ ။ ကျောင်းခန်းထဲဝင်​​တော့​လည်းကျာင်းသား
အားလုံးစုံ​နေပြီ ။

အတန်းပိုင်ဆရာမအ​မေး​ကြောင့်​ ရိပေါ်ခေါင်း​လေးကို
အသာငုံ့​နေလိုက်​၏ ။

ရိပေါ်နေရာမှာထိုင်တော့မှ အတန်းထဲမေးခွန်းစာရွက်ဝေ
၏ ။ ဒီနေ့ကစာမေးပွဲပထမနေ့ပင် ။ တော်ပါသေးသည်
ဆရာမက စာမေးပွဲခန်းထဲဝင်ခွင့်ပြုနေလို့ပေါ့ ။

"ကဲ ဖြေပြီးတဲ့လူစာရွက်​လာထပ်​ကြ!!"

အချိန်စေ့တော့ ဆရာမကအသိပေး၏ ။
ရိပေါ်စာရွက်လေးထပ်​​နေစဉ်​ ဆရာမခေါ်သည် ။

"ဝမ်ရိပေါ် ပြီးရင်ဆရာမရုံးခန်းကိုလာခဲ့!!"

"ဟုတ်"

"ဖိုက်တင်း ရိပေါ်"

"အင်း"

အတန်းဖော်၏အ​ပြောကိုအသာ​လေး​ခေါင်းငြိမ့်​ပြရင်း
အခန်းအပြင်​ဘက်​တွင်​​ဆရာမအလာကို​စောင့်​​နေမိသည်​။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now