အပိုင်း_၃၆

12.7K 858 87
                                    

( Unicode )

" ချစ်ရသော ကိုကို " ( အပိုင်း_၃၆ )

"ဝဲ...အူဝဲ...အူဝဲ"

သားရဲ့ငိုသံကြောင့်ရိပေါ်နိုးလာခဲ့တယ် ။
ရိပေါ်သားကိုချော့မြူပေမယ့် သားကအငို
မတိတ်သေးပါဘဲ ပို၍သာငိုသည် ။

တစ်ဖက်ခန်းရှိသူ့ကိုလည်းမနှိုးချင်ပေ ။
နှစ်ဦးသဘောတူကလေးဝေယျာဝိစ္စလုပ္
ရမယ့်တာဝန်ကိုယူထားကြပေမယ့် ညက
ညည့်နက်မှအိပ်ရာဝင်တဲ့ သူ့ကိုလည်းတကူး
တကကြီးသွားမနှိုးချင် ။

"အေ့ပါ သားရယ် ဖေဖေရှိပါတယ်ကွယ်
အေ့ပါ အို အို့ အိုး...မငိုပါနဲ့ကွယ် နှိ့နို့သောက်
ရအောင်...တိတ်ပါ တိတ်ပါ သားငယ်ရယ်"

ရိပေါ်ဘယ်လောက်ပင်ချော့မြူသော်လည်း
သားကသည်းကြီးမဲကြီးငိုနေသည် ။

ဘေးချင်းကပ်ရပ်က သားငယ်ရဲ့ငိုသံကို
ကြားတော့ ရှောင်းကျန့်အိပ်ရာချက်ချင်း
ထပြီးတစ်ဖက်ခန်းကိုပြေးရသည် ။

"ရိပေါ်...ရိပေါ်"

တံခါးခေါက်သံကြားတော့ ရိပေါ်သားကိုချီထား
လျက်ပင် တံခါးဖွင့်ပေးမိသည် ။ အိပ်ရာမှကမန်း
ကတမ်းထလာရ၍ထင်သည် မျက်နှာချောချော
သည်အိပ်ရေးဝပုံမပေါ်ပေ ။

သို့သော် ဤလူအမြဲကြည့်ကောင်းပါသည် ။

ရိပေါ်မျက်နှာလွှဲကာ သားကိုသာချော့မြူနေ
၏ ။ သားကလည်းရိပေါ်လက်ထဲအငိုကိုမတိတ်
ဘူး ။

"ရိပေါ်...သားကအရမ်းငိုနေတာပဲ
မင်းမနေ့ကဟင်းအစပ်တွေစားမိသေးလား"

သူကသူ့သံသရာ့မကင်းတဲ့မျက်ဝန်းတွေအတိုင်း
ရိပေါ်ကိုလာကြည့်ကာမေးသည် ။

"မစားပါဘူး သားဒုက္ခရောက်မယ့်အလုပ္မျိုး
ကျွန်တော်မလုပ်ဘူး"

"ကုိယ်ပြောတာအဲ့လိုသဘောမျိုးမဟုတ်ဘူး"

"ဒါဆိုဘာလို့ခင်ဗျားရဲ့သံသရာ့မကင်းတဲ့
မျက်လုံးတွေနဲ့လာကြည့်နေတာလဲ"

"ကုိယ်စိတ်ပူလို့ပါ"

"ဒီှီာခင်ဗျားစိတ်ပူတာထက် ကျွန်တော်က
သာပါတယ် သားကိုကျွန်တော်ကိုယ်တိုင်
ဝမ်းနဲ့လွယ်ပြီးမွေးထားတာပါ ဘယ်မိဘက
ကိုယ့်သားသမီးကိုစိတ်မပူတဲ့မိဘရှိလဲ"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now