Season_2 ( 1 )

16.3K 986 82
                                    

" ချစ်ရသော ကိုကို " ( အပိုင်း_၁ )

"ဦးလေး...ကျွန်တော့်ကိုအိမ်ကိုပြန်မပို့ဘဲ
ရှောင်း အိမ်တော်ကိုပို့ပေးပါလား"

ရိပေါ်ပြောတော့ ဒရိုင်ဘာဦးလေးကြီးလည်း
ခေါင်းကိုသာ အသာငြိမ့်ပြပြီးရှောင်းအိမ်တော်
ကိုမောင်းလာခဲ့သည် ။

"ရောက်ပါပြီ အစ်ကိုလေး"

"ဟုတ်ကဲ့..."

ရိပေါ်ကားပေါ်မှဆင်းလာရင်း ခြံထဲကိုလှမ်း
ကြည့်မိသည် ။ အိမ်ရှေ့ခန်းတွင် သိုးမွှေးချည်
လုံးတွေနှင့်အလုပ်ရှုပ်ကာ တစ်ခုခုချုပ်ဟန်ပြင်
နေတဲ့ ယောက်ခမဖြစ်သူကိုမြင်တော့ ရင်ထဲဝမ်း
နည်းမှုက လှိုက်ဖိုလာ၏ ။

"မေမေ..."

တွန့်ဆုတ်နေရာမှအသံငယ်သည် တိုးလျစွာဖြင့်
သူမကိုခေါ်မိသည် ။ ရိပေါ်အသံကိုမှတ်မိနေသည့်သူမက ချက်ချင်းပင် ထိုင်နေရင်းမှရိပေါ်ကို
ပြေးဖက်လာသည် ။

"သားငယ်..."

"သားငယ် အစစ်ပါနော်
အမေတို့ရဲ့ရိပေါ်လေးဟုတ်ပါတယ်နော်"

မျက်ရည်တွေအရွှဲသားဖြင့် ရိပေါ်ကိုဖက်ကာ
သူမငိုသည် ။ ရိပေါ်လည်းထိန်းထားသည့်ကြား
မှကျဆင်းလာသော မျက်ရည်တွေကိုမသုတ်မိ
ဘဲ သူမရင်ခွင်အတွင်း ငိုနေမိ၏ ။

"မေမေ...သား တောင်းပန်ပါတယ်"

"သားရယ်...မေမေတို့ကသာ သားအပေါ်
မတရားခဲ့ကြတာပါ တကယ်ကမေမေတို့
မှာလည်းတာဝန်ရှိပါတယ် သားငယ်ရယ်
မေမေမင်းကိုလွမ်းနေတာပါ"

"သားလည်းဒီမိသားစုကိုလွမ်းပါတယ်
နောက်ဘယ်တော့မှခွဲမသွားတော့ပါဘူး"

"သားရယ်..."

သူမကရိပေါ်ကိုမျက်ရည်များကြားမှပြုံးပြ၏ ။
ရိပေါ်သူမရဲ့မျက်ရည်တွေကိုသုတ်ပေးမိသည် ။
သည်လိုနှင့်ပြေလည်သွားပြီဖြစ်သည့်မိသားစု
လေးတွင် ရိပေါ်အရင်ကလိုပင် ပျော်ရွှင်နေမိ
သည် ။

"ကလေး..."

"ရိပေါ်...ကိုကို့ကလေးရေ..."

ကုမ္ပဏီကစောစီးစွာပြန္ရောက်လာပေမယ့်
အိမ်တံခါးသည်ပိတ်နေ၏ ။ မီးအလင်းရောင်
လည်းမမြင်ရသည်​ကြောင့် ရှောင်းကျန့်စိတ်ပူ
သွားသည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now