"ဟေ့... ဟေ့... ဘာလို့ ငြိမ်သွားတာလဲ... ပျော်စရာ မကောင်းတော့ဘူး..."
"နောက်တစ်မျိုး ပြောင်းရအောင်... အားလုံးလာကြ... ငါ ပြမယ်..."
မြို့စားတူက ဦးဆောင်ပြီး သံဇကာကွက်နားရပ်ကာ မို့ရန် ဦးခေါင်းပေါ်သို့ ကျင်ငယ်စွန့်လေသည်။ မို့ရန်၏ လျှော့ထားသော စိတ်တို့သည် ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်မခံနိုင်တော့။ ဒေါသတို့သည် သူမ၏ အသံကို ပိုမိုအေးစက်သွားစေသည်။
"တော်လောက်ပြီ…"
"ဘာ… သူက ဘာပြောတယ်… ဟား ဟား ဟား…."
"ဘယ်သူ့ကို ပြောနေတာလဲ…"
"ငါလုပ်တဲ့အတိုင်း လုပ်ကြစမ်း…. ပြီးရင် သွေးစုပ်တဲ့ မျော့တွေ လောင်းချလိုက်… အဲဒီအခါမှ သူခုနက ပြောသွားတဲ့ စကား ပြန်ပြောနိုင်မလား ကြည့်ရအောင်…."
အစောင့်များက ဝိုင်းလာပြီး မို့ရန်ဦးခေါင်းပေါ်ကို ကျင်ငယ်ရေတို့ စွန့်ကြသည်။ မို့ရန် မှိတ်ထားသော မျက်လုံးတို့ကို မဖွင့်မီ"ငါ ပြောနေတယ်… တော်ကြတော့…"
"ဟား ဟား ဟား…."
ဆူညံစွာ ထွက်ပေါ်လာသည့် လှောင်ရယ်သံများက အတောမသတ်နိုင်စွာ။ မို့ရန် တဝုန်းဝုန်း တိုးထွက်လာသော ဒေါသတို့ကြောင့် မျက်လုံးကို ဖွင့်လိုက်သည်။ နက်မှောင်နေသော မျက်သူငယ်အိမ်တို့သည် တဖြည်းဖြည်းဖြင့် ရွှေရောင်ပြောင်းသွားသည်။ ရွှေရောင်မှ ရွှေအိုရောင်သို့ ကူးသွားပြီး ထို့နောက် ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ မို့ရန်ခေါင်းပေါ်တွင် ကျင်ငယ်စွန့်နေကြသည့် အစောင့်တို့ လွင့်စင်သွားသည်။ အနီရောင်အလင်းတစ်ခု မျက်နှာကျက်နားတွင် ခိုတွဲသွားပြီးနောက် ထိုအလင်းရောင်သည် ဇာမဏီ (ဖီးနစ်) ငှက်ပုံစံ ပြောင်းလဲသွားသည်။ ပြီးတော့ မြင်မြင်သမျှ အရာအားလုံးကို မီးမှုတ်ကာ လောင်တိုက်သွင်းလေသည်။"ဘာလဲ… ဘာကြီးလဲ…."
"မိစ္ဆာကောင်လား…"
"အမလေး… မိစ္ဆာကောင်ကြီး… မင်း ဖယ်စမ်း…. ငါ့ကို ကာထား…"
"ဟေ့… လာကြစမ်း အစောင့်တွေ… သတ်… သတ်စမ်း…"
မြို့စားတူဆိုသူသည် ရှိရှိသမျှ အစောင့်အားလုံးကို သူ့ရှေ့သို့ တွန်းပို့သော်လည်း ဇာမဏီငှက်က သူတို့အားလုံးကို မျက်တစ်မှိတ်အတွင်း ပြာကျသွားစေသည်။ တစ်လှမ်းချင်း သူ့ဆီ တိုးလာနေသည့် မိစ္ဆာငှက်ကို သူဘာလုပ်ရမှန်း မသိတော့။ သေမှာကြောက်သဖြင့် ဇောချွေးတို့က တစ်ကိုယ်လုံးကို ရွှဲစေသည့်အပြင် ကျင်ကြီးကျင်ငယ်ပါ ထွက်ကျလေသည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)