ကျွန်တော်ချစ်သောကိုကို

41.6K 846 30
                                    

ကိုကို.....
ထိုလူသားက ကျွန်တော်ချစ်ရတဲ့လူတစ်ယောက်ပေါ့
သူ့ကိုကျွန်တော်အရမ်းချစ်တယ်
သူကျွန်တော့်အပေါ်အနိုင်ယူတာတွေရှိခဲ့ရင်တောင်ပေါ့
ကျွန်တော်ကတရုတ်နိုင်ငံရဲ့ရွာလေးတရွာက
ကျွန်တော့်ရဲ့ပါး မား တို့နဲ့အတူကျွန်တော့်ဘဝကို
အေးအေးဆေးဆေးပဲဖျက်သန်းခဲ့တာ
ဒါပေမယ့်ကျွန်တော်အထက်တန်းပြီးခါစမှာ
ကျွန်တော့်ရဲ့ပါးနဲ့မားက ပေကျင်းကိုသွားရင်းaccidentဖြစ်ခဲ့ပြီးထိုနေရာမှာပဲဆုံးသွားခဲ့တာ
ကျွန်တော့်မိဘတေကိုသင်္ဂြိုတဲ့နေ့မှာပဲပါးရဲ့သူငယ်ချင်းဆိုတဲ့
ကိုကို့ရဲ့ပါးနဲ့မားကအိမ်ကိုရောက်လာခဲ့တာ
အာ့တုံးကကိုကိုကစာမေးပွဲရှိလို့ဆိုပြီးပါမလာခဲ့ဘူး
သူတို့ပြောတာတော့ကျွန်တော့်ကိုပေကျင်းလိုက်ခဲ့ရမယ်တဲ့
တက္ကသိုလ်တက်ဖို့လဲသူတို့ပဲတာဝန်ယူမယ်တဲ့
အာ့တုံးကတော့ကျွန်တော်မသိခဲ့ဘူးလေ
လူကြီးတွေကကျွန်တော်တို့ကိုလက်ထပ်ပေးဖို့ထိရည်ရွယ်ခဲ့တာကိုပေါ့
......................................................x................
ကျွန်တော်ကဝမ်ရိဘို
Wang groupရဲ့တစ်ဦးတည်းသောသားပေါ့
စီးပွားရေးမေဂျာနဲ့တက္ကသိုလ်ပထမနှစ်
တစ်ဦးတည်းသောသားဆိုတော့ပါးနဲ့မားကအလိုလိုက်တယ်
သူဆို့အလိုလိုက်သလောက်ကျတော်ကလည်းဆိုးတာပဲ
ဒါပေမယ့်မဆိုစလောက်လေးပါ
မသကာကျတော်လုပ်လိုက်လို့ခေါင်းကွဲပြီးခြောက်ချက်လောက်ချုပ်လိုက်ရရုံပါပဲ
လက်သံပြောင်တယ်ပဲပြောပြောပေါ့😂
ကျတော်ကလွတ်လွတ်လပ်လပ်နေချင်တယ်
ကျတော်ကြိုလာမချုပ်ချယ်နဲ့မကြိုက်ဘူး
ကျတော့်ကိုရန်မစရင်ကျတော်ကအေးအေးပဲ
ရန်လာစရင်တော့လား
ဒီတော့လည်းနဂါးမှန်းသိအောင်အမောက်ထောင်ပြရတာပေါ့
ပြီးတော့တစ်ခုခုဆိုပါးနဲ့မားကိုကပ်ချွဲလိုက်ရုံပဲလေ
ဒါပေမယ်ကျောင်းရောက်သွားရင်တော့ကျတော့်မျက်နှာကအလိုလိုတည်သွားရော
ကျတော်ကလူတေနဲ့ရောရတာသိပ်မကြိုက်ဘူး
ဒါကြောင့်လည်းကျတော့်မှာသူငယ်ချင်းဆိုလို့ဝမ်ဟောက်ရွှမ်းနဲ့ဖမ်ရှင်းတို့လောက်ပဲရှိတာ
သူတို့ကကျတော့်ကိုခေါ်တာကအချေကိုယ်တော် ရေခဲမင်းသားတဲ့
ခေါ်ပါစေပေါ့ကျတော်ကမမှုပါဘူး
ဒါပေမယ့်ကျဆော့်နားမာကောင်မလေးတေကဝိုင်းလို့
သိတယ်မို့လားရုပ်လေးကချောတော့ကောင်မလေးတွေဆိုတာဝိုးဝိုင်းလည်နာပဲ
သူတို့ကလာကြိုက်တာဆိုတော့လည်းကြိုက်ပေါ့
ကိုယ့်အသားမှပဲ့ပါမသွားတာ
အာ့တော့ကျတော်ကအေးဆေးပဲ
တခါတလေကျင်းရင်သူတို့ထဲကတစ်ယောက်လောက်နဲ့တွဲတယ် ဒါပေမယ့်သိပ်အကြာကြီးမဟုတ်ပါဘူး
အများဆုံးတစ်ပတ်ပါပဲ
ဒါ့ကြောင့်လည်းကျတော့ကိုတချို့ကplayboyလို့ခေါ်ကြပြန်ရော
ဒါပေမယ်ကျတော်ကအေးဆေးပဲ
နေ့တိုင်းကိုသာသာယာယာပဲဖြတ်သန်းတယ်
အဲတစ်နေ့တော့ပါးနဲ့မားကကျတော်တို့အိမ်ကိုကောင်လေးတစ်ယောက်ကိုခေါ်လာတယ်
သူ့နာမည်ကရှောင်းကျန့်တဲ့
သူကကျတော့ထက်တော့ငယ်တယ်
အခုမအထက်တန်းပြီးခါစပဲရှိသေးတာတဲ့
သူ့မိဘတေဆုံးသွားလို့ပါးတို့ကခေါ်လာတာတဲ့
အာ့တော့ကျတော်လည်းဘာမှမပြောတော့ဘူးပေါ့
သူကလည်းကလေးလေးလိုပဲချစ်စရာလေးလေ
ယုန်သွားလေးနဲ့အသားလေးတေကဖြူဝင်းလို့
ဒါပေမယ့်တစ်ကယ်တမ်းပါးတို့သူ့ကိုခေါ်လာတာကျတော်နဲ့လက်ထပ်ပေးဖို့ဆိုတာမသိခဲ့ဘူး
သိလိုက်ရတဲ့အချိန်ကျတော့အရာအားလုံးနောက်ကျခဲ့ပြီ
လွတ်လပ်မှုကိုမြတ်နိုးဆဲ့ကျတော်အခုတော့ခြေချုပ်မိနေသလိုပင်
သူနဲ့ကျတော်လက်ထပ်တဲ့ရက်ကစပြီးသူ့ကိုကျတော်ကြည့်မရတော့တာပဲ
ဘာလို့လဲဆိုသူကကျတော့်လွတ်လပ်မှုတေအကုန်ယူသွားတာလေ
အာ့တော့ကျတော်သူ့ကိုကြည့်မရတာမလွန်ဘူးမို့လား
........................................................................
'သား.....ကျန့်ကျန့်လာဝင်ခဲ့လေ'
ဟုတ်ပါတယ်ဒီနေ့ကျွန်တော်ဆိုတဲ့ရှောင်းကျန့်ဝမ်အိမ်တော်ကိုရောက်လာခဲ့ပြီ
ပါးတို့ကိစ္စစီစဉ်စရာတေရှိတာအကုန်လုပ်ပြီးတာနဲ့
ဦးလေးတို့နဲ့အတူပေကျင်းကိုတခါတည်းလိုက်လာခဲ့တာ
သူဌေးအိမ်ဆိုတော့လည်းခမ်းနားသားရယ်
အာ့ထဲကကျတော်အကြိုက်ဆုံးနေရာလေးက
အိမ်ဆင်ဝင်ရဲ့အနောက်နားမှာရှိတဲ့ကြာကန်လေးပင်
ခရမ်းရောင်ကြာလေးတေကမျက်စိပသာဒဖြစ်လှသည်
ကြာကန်ကိုကြည့်ရင်းငေးနေမိသောကျတော်
ဒေါ်လေးရဲ့အသံကြားမှပင်ပြန်ပြီးအတွေးစတွေကိုဖြတ်နိုင်တော့သည်
'ဟုတ်ကဲ့ဒေါ်လေး'
ကျတော်ပြန်ဖြေရင်း
ဧည့်ခန်းကခုံတစ်ခုပေါ်သွားထိုင်နေလိုက်သည်
'ကျန့်ကျန့်ရယ်
ဒေါ်လေးလို့ခေါ်မနေပါနဲ့
သားကပါးသူငယ်ချင်းရဲ့သားပဲ
ပါးကိုရောမားကိုရောပါးနဲ့မားလို့ပဲခေါ်ပါ'
'ဟုတ်ကဲ့ပါပါး'
'ကဲသားလည်းပင်ပန်းလာရောပေါ့
သွားနားလိုက်ဦးနော်
သားကိုကိုကတော့ကျောင်းကပြန်မလာသေးဘူးကွဲ့
ညကျမပါးတို့မိသားစူထမင်းအတူစားကြတာပေါ့
အစ်ကိုကျိုး....သားကိုသူ့အခန်းလိုက်ပြလိုက်ပါဦး'
'ဟုတ်ကဲ့ပါသခင်ကြီး.......သခင်လေးကျတော့်နောက်လိုက်ခဲ့ပါ'
'ဟုတ်ကဲ့ဦးလေးကျိုး.......
ပါးနဲ့မားသားသွားနားလိုက်ပါဦးမယ်'
'အေးအေးသား..ကောင်းကောင်းနားလိုက်နော်'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now