ကျွန်တော်ချစ်သောကိုကို(27)

8.6K 513 58
                                    

*ဒီနေ့ ကလေးကို ခွဲစိတ်တဲ့နဲ့
ခွဲစိတ်မှုက အန္တရာယ် အရမ်းများတယ်တဲ့
ဒါပေမယ့် ကျွန်တော် တို့ စွန့်စားခဲ့ကြတယ်

သိနေတယ် ကလေးကျွန်တော့်ဆီ ပြန်လာမယ်ဆိုတာ
ပြန်လာပေးပါကလေး မင်းအထင်လွဲနေတာတွေကို
ကိုဖြေရှင်းပေးမှာမို့ အားတင်းပြီး ရင်ဆိုင်ပေးပါ*

'သား..ရိပေါ် သားသွားနားလိုက်ပါလား ဒီမှာမားတို့စောင့်နေတာပဲလေ သားငယ်လေး ထွက်လာရင် မားတို့လာခေါ်မယ်လေ'

'ဟင့်အင်းမား ကျွန်တော်မသွားဘူး
ကလေး အခုလို အန္တရာယ်တောထဲ ရောက်နေချိန်မှာ
ကျွန်တော် နားမနေနိုင်ဘူး မား

ကလေးက ကလေးက ကျွန်တော့်ကြောင့် ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်နားမနေနိုင်ဘူးမား

ကျွန်တော် ကျွန်တော် ကလေးထွက်လာတဲ့အထိ စောင့်နေမယ်

တစ်ကယ်လို့ ကလေးသာ တစ်ခုခုမှားယွင်းသွားရင် ကျွန်တော်လည်း ကလေးနောက်လိုက်သွားမယ်'

'သားရယ် မင်းအပြစ်လည်း မဟုတ်ပါဘူး ကံကြမ္မာရဲ့ လှည့်ကွက်လို့ပဲ မှတ်လိုက်ပါသားရယ်'

Yu Bin: ဟုတ်တယ်ကော ဒါ Geတစ်ယောက်ထဲရဲ့အမှားလည်း မဟုတ်ပါဘူး

ကျွန်တော့်အမှားလည်း ပါပါတယ် ကျွန်တော်သာ အာ့နေ့က Geကိုအရင် ရှင်းအောင်မေးခဲ့ရင် ခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး

ကျွန်တော် တောင်းပန်ပါတယ်Ge'

'မင်းမမှားပါဘူး Geမှားတာပါ Geတာ ကလေးကို တစ်ခါတည်းခေါ်သွားမယ်ဆိုရင် ကလေး ဒီလိုဖြစ်မှာမဟုတ်ဘူး

အားလုံးက Geအမှားပါ'

Yi Boကို ကြည့်ပြီး အားလုံးလည်းစိတ်မကောင်းကြ
Xiao Zhan ဒီလိုဖြစ်သွားတဲ့ နေ့ကစပြီး သူ့အပြစ်ဆိုပြီးသာ အမြဲတမ်းပြောနေတော့သည်

အရင်တုံးက Yi Boဆိုတဲ့ ပုံရိပ်ကို အခုYi Boဆီမှာလုံးဝမတွေ့ရ

စိတ်ပျက် အားငယ်ခြင်းများသာ တွေ့ရတတ်သည်

သူ့တို့သားရဲ့ပုံစံကို ကြည့်ပြီး ဝမ်ပါးပါးနဲ့မားမားမှာလည်း စိတ်မကောင်း

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now