ကျွန်တော်ချစ်သောကိုကို(26)

8.4K 423 41
                                    

ရိပေါ်တစ်ယောက် မိမိရှေ့ကမြင်ကွင်းကို မယုံကြည်နိုင်စွာ ရပ်ကြည့်နေမိသည်

သူ့ရဲ့ကလေးက ရေချိုးကန်ထဲမှာ ခန္ဓာကိုယ်တစ်ခုလုံး နစ်မြုပ်နေသည်

ညာဘက်လက်မှာလည်း လက်ကောက်ဝတ်က သွေးကြောကို လှီးဖြတ်ထားတဲ့ ဒဏ်ရာက သွေးတွေစီးကျနေသည်

ကြမ်းပြင်ပေါ်မှာလည်း သွေးကွက်တွေကြားထဲမှာ ဓားလေးတစ်ချောင်း

ဓားသွားပေါ်မှာလည်း သွေးစက်တွေနဲ့

ရိပေါ် မိမိရှေ့က မြင်ကွင်းကိုကြည့်ပြီး တောင့်ခံနိုင်စွမ်း မရှိတော့

ကြမ်းပြင်ပေါ်ကို ပုံလျှက်သားလေး ပြိုလဲကျသွားသည်

ပြီးမှ သူ့ကလေးအနား အသက်မပါစွာသွားပြီး ရေကန်ထဲက ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်သည်

ဘယ်အချိန်ကတည်းက ဒီလိုဖြစ်နေလဲမသိ သွေးထွက်များသွားတဲ့ဒဏ်ရော ရေစိုကြာသွားတဲ့ဒဏ်ရောနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြာနေပြီ

သူလည်း ဆေးရုံသွားဖို့အတွက် အောက်ထပ်ကို အမြန်ဆင်းလာခဲ့တော့သည်

လက်ထဲက ကောင်လေးကိုကြည့်ပြီး ပါးနဲ့မား နှစ်ယောက်လုံး စကားမပြောနိုင်ကြတော့

Lai Hai Kuan တစ်ယောက်လည်း Yi Boလက်ထဲက ကောင်လေးကိုမြင်ပြီး ဆေးရုံသွားဖို့အတွက် ကားပြင်ပြီးနေပြီ

............

ဆေးရုံရောက်တော့ ကလေးကို အရေးပေါ်ခန်းထဲ ခေါ်သွားကြသည်

အဆုတ်အအေးပတ်သွားတဲ့အပြင် သွေးခုန်နှုန်းတွေလည်းကျနေပြီ သွေးထွက်လွန်ထားသောကြောင့် သွေးပါသွင်းရမည်

ကလေးရာ မင်း ဘာဖြစ်လို့လုပ်ရတာလဲကွာ မကျေနပ်တာ ဝမ်းနည်းတာရှိရင် ကိုယ့်ကိုပြောလို့ ရရဲ့နဲ့ကွာ မင်းဘာလို့ဒီလိုတွေ လုပ်ရတာလဲကွာ

ကိုကို့ရင်ကိုသာ ခွဲလိုက်ပါတော့လား ကလေးကို ဒီပုံစံနဲ့မြင်ရတာ ကိုကိုရင်နာရလွန်းလို့ပါ

နှစ်နာရီလောက်နေတော့ ကလေးကို အပြင်ပြန်ထုတ်လာကြသည်

ဒါပေမဲ့ ကြားလိုက်ရတဲ့စကားက

ကျွန်တော်ချစ်သောကိုကို(completed)حيث تعيش القصص. اكتشف الآن