ကျွန်တော်ချစ်သောကိုကို(33)

7.7K 299 14
                                    

ရိပေါ် ကလေးရှိတဲ့ ဆေးရုံခန်းလေးဆီ ပျော် ရွှင်ခြင်း များစွာနဲ့ ပြန်လာခဲ့တယ်

အခန်းထဲမှာ အိပ်ပျော်နေတဲ့ သူ့ကလေးလေးကိုကြည့်ရင်း အပြုံးပေါ် အပြုံးဆင့်နေသည်

အိပ်ပျော်နေသော ထိုလူသားလေးမှာ မိမိအတွက် တန်ဖိုးရှိလွန်းလှသည်

ဘယ်အရာနဲ့မှ အစားထိုးလို့လဲမရ လဲလို့လဲ မရနိုင်ပါပေ

သူ့ဘဝရဲ့ တန်ဖိုးအထားရဆုံး လူသားလေး

အခု ထိုလူသားလေးဆီမှာ သူ့အတွက် နောက်ထပ် တန်ဖိုးစရာ  ရတနာလေးတွေ ရှိနေပြီလေ

ဒီကမ္ဘာမှာ သူ့လောက်အပျော်ရွှင်ရဆုံး လူသား ရှိမှာ မဟုတ်တော့ဘူး

ပထမ ကလေးကို ပိုင်ဆိုင်ခွင့် ရခဲ့တယ်
ကလေးနဲ့ ပျော်စရာ ဘဝလေးကို ဖြတ်သန်းနိုင်ခဲ့တယ်

အခုထက်ပြီး ကလေးပေးတဲ့ မိသားစုဘဝလေးကို ထက်ပြီး ပိုင်ဆိုင်နိုင်ဦးမယ်လေ

ရိပေါ် သူ့ကလေးလေးကို ကြည့်နေတုံး သူ့ကလေးလေးက တအင့်အင့်နဲ့ အသံပေးကာ နိုးလာခဲ့တယ်

'အဟင့် အဟင့် ကိုကို'

လက်နှစ်ဘက်နဲ့ မျက်လုံးကိုပွတ်ပြီး ညည်းသံပေးကာ နိုးလာသည့် ကလေးမှာ ချစ်စဖွယ်အတိဖြစ်နေသည်

ရိပေါ်လည်း သူ့ကလေးလေးနားသွားကာ ကလေးမျက်လုံးပေါ်က လက်ကလေးနှစ်ဖက်ကို အသာ ဖယ်ပေးလိုက်လေသည်

'ငယ် နိုးလာပြီလား သက်သာလား'

'အင်း ကိုကို ငယ် သက်သာပါတယ်'

'ကဲ ဒါဆို ကိုကိုမေးတာ ဖြေပါဦး ငယ်ဘာလို့ အခုလို လုပ်ရတာလဲ'

'ဘာကိုလဲကိုကို'

'ငယ့် ဗိုက်ထဲက baby လေးတွေကိစ္စလေ'

'ဘာလို့ ကိုကို့ကို မတိုင်ပင်ပဲ အခုလို လုပ်လိုက်ရတာလဲ'

'ငယ် အန္တရာယ် ရှိတာ မသိဘူးလား'

'ငယ်... ငယ်ကလေ ကိုကို့ကို အံ့သြသွားစေချင်လို့ပါ ပြီးတော့လေ ငယ်ထင်တာက ကိုကိုက ဒီအကြောင်းကို သိရင် ပျော်မယ်လို့လေ အခု ကိုကိုက မပျော်ဘူးလား'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now