ကျွန်တော်ချစ်သောကိုကိုPart(8)

9.2K 531 17
                                    

အာ့နေ့ကကိစ္စပြီးကတည်းက
ကိုကိုကကျတော်နဲ့မတွေ့အောင်နေတယ်
ကျတော်နာကျင်ရပါတယ်
ဒါပေမယ့်ဘာတတ်နိုင်မှာလည်း
ကိုယ့်အဖြစ်နဲ့ကိုယ်လေ
အာ့တော့လည်းကျတော်ဘာတတ်နိုင်မှာလဲ

ကျတော်သူ့ကိုမတွေ့အောင်နေနေတာ
သူ့ကိုမုန်းတယ်
ကျတော့်မေတ္တာကိုစော်ကားတဲ့
ရှောင်းကျန့်ဆိုတဲ့လူကိုပေါ့
အခုတော့လူကအရင်လိုပဲအပြင်မှာပဲအချိန်ကုန်နေတော့တယ်
အိမ်နေရင်သူ့မျက်နှာတွေ့နေရမှာဆိုတော့လေ
ကျတော်အိမ်ပြန်ရောက်လာတော့
မားနဲ့ပါးကထိုင်စောင့်နေတယ်
အံ့သြမိတယ်အရင်ကအခုလိုနှစ်ယောက်လုံးထိုင်မစောင့်တတ်
မားကသာအမြဲတမ်းစောင့်နေကြ

'ရိပေါ်လာထိုင်ဦးမားပြောစရာရှိတယ်'
'ဟုတ်မား....ပြောလေဘာပြောစရာရှိလို့လဲ'
'ရိပေါ်....မားပြောတဲ့စကားကိုသေချာနားထောင်
မားတို့မင်းနဲ့ကျန့်ကျန့်ကိုလက်ထပ်ပေးဖို့စီစဉ်ထားတယ်'
'......ဗျာ.....မား....ကျန့်ကျန့်နဲ့ဟုတ်လား.....'
'မား.....မဖြစ်နိုင်ဘူးနော်...သားလက်မခံနိုင်ဘူး...
ဒါနဲ့နေပါဦး....ဒီကိစ္စသူသိလား....'
'သူကဘာမှမသိဘူး
မင်းသူ့ကိုဘာမှပြဿနာသွားမရှာနဲ့....အခုကိစ္စကလူကြီးချင်းကတိပေးခဲ့ကြတာ'
'မားရာ...မဖြစ်နိုင်ပါဘူး..ကျတော်တို့နှစ်ယောက်လုံးကယောက်ျားလေးတွေလေ....ပါးပြောပါဦး'
'ပါးလည်းမတတ်နိုင်လူးသား..ဒါအရင်ကထဲကထားခဲ့ကြတဲ့ကတိပဲ...အာ့တော့သားလိုက်နာပေးပါ'
'...တောက်စ်.....'

ရိပေါ်ဒေါသထွက်ပြီးအိမ်အပေါ်ထက်ကိုတက်လာခဲ့သည်
အခန်းထဲမှာရှိတဲ့သူ့ပစ္စည်းတေအကုန်ဖျက်စီးနေသည်

~ရှောင်းကျန့်....မင်းကငါ့ကိုဒီလိုနည်းနဲ့နိုင်ချင်တယ်ပေါ့လေ
ရတယ်မင်းကိုငါဘယ်လိုဒက္ခပေးမလဲစောင့်ကြည့်နေ~

...........

~..ဒီနေ့ကိုကိုနဲ့ကျတော်လက်ထပ်ကြတယ်
အရာအားလုံးကအိပ်မက်လိုပဲ..
သိသိချင်းကျတော်မယုံနိုင်
သူကကျတော့်ကိုသိပ်မုန်းနေတာလေ
ဒါကိုသူကလက်ခံလိုက်တယ်ဆိုတော့
ကျတော်ကြောက်နေမိတယ်
မင်္ဂလာပွဲအတွက်ပြင်ဆင်တာဘာညာနဲ့မို့
ကျောင်းတေပြန်ဖွင့်ခါနီးမှလက်ထပ်ဖြစ်ကြတယ်
ဒီတိုင်းပွဲအသေးလေးပဲလုပ်ဖြစ်ခဲ့ကြတာပါ
်ကျတော့်အတွေးတေမှန်တယ်ဆိုတာအာ့နေ့ညကစသက်သေပြတော့တာပဲ

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now