ကျွန်တော်ချစ်သောကိုကို(23)

8.1K 517 14
                                    

'ကိုကို့အဆိုးလေး ထတော့နော် ကိုကိုရေနွေးစပ်ထားတယ် ရေချိုးရအောင်
ထတော့နော်ငယ် တော်ကြာ ကျောင်းမမီပဲနေလိမ့်မယ်'

'အွန်း...ကိုကိုရာခဏလေး ငယ်အိပ်ချင်သေးတယ် ညက game ဆော့ထားတာ အိပ်ရေးမဝသေးဘူး ခေါင်းတေလည်းကိုက်နေတယ်'

'ငယ်...အဆင်ပြေလား ခေါင်းတေတအားကိုက်နေလား အာ့ကြောင့် ကိုကိုပြောပါတယ် gameတေတအားမဆော့ပါနဲ့လို့ အိပ်ရေးမဝတော့ ခုလိုဖြစ်ပြီမို့လား'

Xiao Zhan ခေါင်းတေကိုက်နေတဲ့ကြားထဲ Yi Boကပါ ဆူသလို ပြောလာတော့ ငိုချင်လာတော့သည်

'အဟင့်...ဗြဲ...ကိုကိုမကောင်းဘူး အဟင့်..သူများက ခေါင်းကိုက်နေပါတယ်ဆို လာဆူနေတယ်

ငယ်သိပါတယ် ကိုကိုက ငယ့်ကို ညိုညင်နေပြီမလား ငယ့်ကို မချစ်တော့ဘူးမလား

ငယ့်ထက် ပိုချစ်ရမယ့် ကောင်မလေး ရှိနေပြီမလား

အင်းပေါ့လေ ငယ်က ယောက်ျားလေးဆိုတော့ ကြာလာတော့ ကိုကိုက ငြီးငွေ့လာတာမလား

ပြီးတော့ ကိုကို့ကိုလည်း ငယ့်ရဲ့first timeကို မပေးသေးတော့ ကိုကို ငယ်ခွင့်ပြုမှာကို စောင့်နေရတာ စိတ်ကုန်သွားတာမလား အဟင့် ရွှတ် အီး...😭😭😭

ရပါတယ် ကိုကို စိတ်ကုန်နေပြီဆိုလည်း ကိုကို့ကောင်မလေးဆီသွားပါ ငယ့်ကို ဟန်ဆောင်ပြီး ဂရုစိုက်ပြမနေပါနဲ့

ငယ်က ဆိုးလည်းဆိုးတယ် ကိုယ်ဖြစ်ချင်တာပဲကိုယ်သိတဲ့ လူဆိုတော့ ကိုကိုက ငယ့်ကိုစိတ်ကုန်တာ မဆန်းပါဘူး သိပါတယ် ကိုကိုကငယ့်ကို အရင်ကတည်းက မချစ်ခဲ့ဘူးဆိုတာ အဟင့်...အဟင့်..😭😭😭'

Xiao Zhan တစ်ယောက် သူ့ကိုဆူနေတဲ့ Yi Boကြောင့် ထငိုပါတော့သည်

Yi Boကတော့ သူပြောချင်ရာပြောပြီး ငိုနေတဲ့ ယုန်ပေါက်ကိုကြည့်ပြီး ပြာပြာသလဲ ချော့ရန်ပြင်တော့သည်

အောက်မှာရှိတဲ့လူတေကလည်း Zhan Zhan ငိုသံကြားတော့ အပေါ်ကို အပြေးတစ်ပိုင်းတက်လာကြသည်

'Yi Bo Yi Boသား တံခါးဖွင့်စမ်း ဒုန်းဒုန်း'

Yi Boတစ်ယောက် သူ့ယုန်ပေါက်ကို ချော့ဖို့ကြံနေတုံး တံခါးအပြသ်ဘက်က မားအသံကြားရလို့ တံခါးထဖွင့်လိုက်သည်

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now