ကျွန်တော်ချစ်သောကိုကို(30)

8.4K 441 47
                                    

ဒီနေ့ နိုးလာတော့ ဘေးမှာ ကိုကို့ကို မတွေ့ရ ကိုကို့အစား စာတစ်စောင်သာ တွေ့ရတယ်

ယူဖတ်ကြည့်လိုက်တော့

*ငယ် ကိုကို ဒီနေ့ အရေးကြီးတဲ့ အစည်းအဝေးတစ်ခုရှိလို့ ငယ်နိုးတဲ့အထိ မနေပေးနိုင်တော့ဘူး ပြန်လာရင်မုန့်ဝယ်ခဲ့မယ် တောင်းပန်ပါတယ် ချစ်တယ်နော် 😘*

စာကိုဖတ်ပြီ ကျွန်တော်ပြုံးမိတယ် ကိုကိုကလေ လူကို ကလေးများ မှတ်နေလားမသိဘူး

ပြန်လာရင် မုန့်ဝယ်ခဲ့မယ်တဲ့ မသိရင် ခရီးထွက်သွားတဲ့ အဖေက သားကို ကတိပေးနေတဲ့အတိုင်းပဲ

ဒါပေမယ့် ကိုကို ဒီလိုဂရုစိုက်တာကို ကျေနပ်မိတယ်

ကိုကိုကလေ ကျွန်တော်မနိုးသေးပဲ ဘယ်တော့မှ ကုမ္ပဏီ ကို မသွား ဘယ်လောက် နောက်ကျနောက်ကျ ကျွန်တော်နိုးတဲ့အထိ စောင့်ပြီးမှသာ သွားတာ

ဒီနေ့လို အရေးကြီး ကိစ္စရှိရင်တော့ တစ်မျိုးပေါ့ မဟုတ်ရင်တော့ သူ့ကို ဝိုင်းရိုက်မယ်ဆိုရင်တောင် ကျွန်တော် မနိုးသေးပဲ သွားမှာမဟုတ်ဘူး

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ကိုကိုလည်း

အဲ့တာထက် နောက်တစ်ပတ်ကျ Hai Kuan Geပြန်လာတော့မှာဆိုတော့ သူနဲ့ Zhao Chanကို မရောက်ရောက်အောင် တွန်းပို့ပေးရမယ် ဟိဟိ ဘယ်လိုတောင် ကျေနပ်စရာလဲ

အပျိုကြီးကို Ge လက်ထဲ မရောက်ရောက်အောင် တွန်းပို့ရမယ် သူလည်း Fa ဘဝကကျွတ် Ge အတွက်လဲ လင်ကောင်း သားကောင်းရ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ ဟဟ😃

အင်း သူတို့ကိစ္စပြီးရင်တော့ ကိုကိုနဲ့ ငါ့ရဲ့ baby လေးအတွက် စီစဉ်ရဦးမယ် အခုတလော ဆေးတွေ သောက်နေရတာနဲ့ လူက နေရထိုင်ရတာ မအီမသာကြီး

စိတ်တေလည်း အရင်လို မဟုတ်တော့ဘူး တဖြည်းဖြည်းနဲ့ ဆတ်ဆတ်ထိမခံ ဖြစ်လာပြီ ကိုကို့အပေါ်လည်း အရင်ထက် ပိုစိုးချင်နေတယ်

ပြီးတော့ ကိုကို့ကိုလည်း သဝန်တိုချင်စိတ်တွေ ဖြစ်နေတယ် ကုမ္ပဏီ မှာ မိန်းကလေး ဝန်ထမ်းတွေနဲ့ ကိုကို အလုပ်တွဲလုပ်နေတယ်ဆိုတဲ့ အတွေးနဲ့တင် ကိုကို့ကို စိတ်မချချင်တော့

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now