ကျွန်တော်ချစ်သောကိုကို (extra)

7.5K 364 34
                                    

အခုဆို သားလေးတွေလည်း ၃နှစ်ပြည့်သွားပြီ သားသားတို့က အရမ်းချစ်ဖို့ကောင်းတယ် piggyလေးတွေ အတိုင်းပဲ

ရိရှောင်းလေးက ရိပေါ်လို အချေစတိုင်လေး ရီကျန့်လေးကတော့ ကျန့်ကျန့်လို ကလေးဆန်တယ်

ကလေးနှစ်ယောက်လုံးက သူတို့ပါးပါး အပေါ်တာ့ အရမ်းသိတတ်တယ်

တစ်ခါတစ်လေ ရိပေါ် အိမ်ပြန်နောက်ကျတဲ့အခါ သူ့ဘာသာ တွေးချင်တာတွေးပြီး ငိုနေတဲ့ သူတို့ပါးပါးကို မျက်ရည်တွေ သုတ်ပေးပြီး ချော့ကြရှာတယ်

သားသားတို့က အရမ်းလည်း ဉာဏ်ကောင်းတယ်
အသက် ၃နှစ်ဆိုပေမယ့် တစ်ချို့စာလုံးတွေကို သိနေပြီ

ဂဏန်းတွေလည်း ရေတတ်နေပြီ

ရီကျန့်လေးက အကြီးပီပီ ရိရှောင်းလေးကို အမြဲဂရုစိုက်တယ်

ကလေးဆန်ပေမယ့် သူ့ညီလေးနဲ့ ပတ်သတ်လာရင် လူကြီးဆန်သွားပြန်ရော

သူတို့က မိသားစုရဲ့ ဆည်းလည်းလေးတွေ

လေးလေးကဆို သူ့မြေးတွေနဲ့ အမြဲတမ်းတွေ့ချင်လို့ ဝန်ကြီးစံအိမ်ကို လာနေလှည့်လို့ ခေါ်နေလို့ မနည်းတောင်းပန် ယူရတယ်

ရိပေါ်က သားလေးတွေ ဆော့ဖို့ ကစားကွင်း သေးသေးလေး လုပ်ပေးထားတယ်

အရုပ်တွေ ဆိုတာလည်း သူ့သားတွေ လက်ညှိုးထိုးသမျှ အကုန်ရစေရမယ်

ဟိုတစ်ခါ ကလေးတွေက သူ့ဖုန်းကိုကိုင်ပြီး လိုချင်တယ်ဆိုပြီး ပူဆာတယ်လေ

ဝယ်ပေးတော့ ကလေးက မကြိုက်ပဲ စိတ်ကောက်ပါရော့ သူ့သားတွေကို ငယ်ငယ်နဲ့ ဖုန်းမကိုင်စေချင်ဘူးတဲ့လေ

ဒါပေမယ့် သူ့သားတွေက အရမ်းလည်း လိုချင်နေတာမြင်တော့ သူလက်လျှော့လိုက်တယ်လေ

သားသားတို့က ငယ်သေးပေမယ့် IT ပစ္စည်းတွေကို အရမ်းစိတ်ဝင်စားတယ်

Phone, computer, laptop, tablet,အကုန်ပဲ

ရိပေါ်ကလည်း သူ့ကလေးတွေ လိုချင်တာ အကုန်ပေး ကိုင်နေတော့တာပဲ

အခု ရိပေါ်တို့ ခရီးသွားဖို့ ပြင်နေတယ်လေ

ငယ်နဲ့ အတူ ခရီးမသွားဖူးတော့ ခရီးအတူသွားရအောင် အလုပ်တွေကို ဖိလုပ်နေတာနဲ့ပဲ အိမ်ပြန်နောက်ကျတာ များပြီလား

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now