ကျွန်တော်ချစ်သောကိုကို (34)

7.2K 357 10
                                    

ရှောင်ကျန့်တို့ လေဆိပ်ကိုရောက်တော့ လေယာဉ်က ဆိုက်နှင့်နေပြီ

ဒါကို ရှောင်းကျန့်က ကျိုးချန်ကြောင့် နောက်ကျတယ်ဆိုပြီး ကျိုးချန်ကို ပြဿနာ ရှာတော့တယ်

ရိပေါ်တို့ ဝိုင်းချော့ကာမှ စိတ်ဆိုးပြေချင် သယောင်ယောင်

ဒါနဲ့ပဲ သူစားချင်တာ လိုက်ကျွေးရတော့တယ်

သူက ဘယ်လိုပဲ စိတ်ကောက် စိတ်ကောက် အစားနဲ့ဆို လွယ်လွယ်ပြေတတ်တယ်

ဒါလည်း ကိုယ်ဝန်ရှိကတည်းက ပြောင်းလဲလာတဲ့ သူလေးရဲ့ အကျင့်တစ်ခုပဲ

ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ရှောင်းကျန့် စိတ်ဆိုးတာကို အသည်းယားတတ်တဲ့ ရိပေါ်က တမင်စိတ်ဆိုးအောင် စတတ်တယ်

ိရှောင်းကျန့် ကိုယ်ဝန်က သုံးလဆိုတော့ ဗိုက်လေးက မသိမသာလေး ပူလာတယ်

ဗိုက်တင်မဟုတ် လူကပါ တနေ့တခြား ဝဝ ကစ်ကစ် ပြည့်ပြည့် ဖောင်းဖောင်းလေး ဖြစ်လာ တော့ သည်

လူလေးက ဝဝကစ်ကစ်လေး ယုန်သွားလေးနဲ့ ကလေးဆန်တဲ့ သူ့ပုံစံလေးနဲ့မို့ လူတိုင်းကအသည်းတယားယား

အခုလည်း သူစားချင်တာစားပြီးတော့ အိမ်ကိုပြန်မယ်ဆိုပြီး ဂျီကျပြန်ပြီ

အကုန်လုံးလည်း သူ့အကြိုက်ပဲ လိုက်ပေးရပြန်တော့တယ်

Hai Kuan Geနဲ့ Zhao Chanက တွေ့ကတည်းက တစ်ယောက်နဲ့ တစ်ယောက် ခိုးကြည့်နေကြတယ်

ဒါကိုသိတဲ့ ရှောင်းကျန့်က သူတို့ကို ကြည့်ရင်း ပြုံးစိစိနဲ့

တစ်ခါတလေ သူတို့ နှစ်ယောက် အကြည့်ချင်းဆုံလို့ ကျိုးချန်ရှက်ပြီး အကြည့်လွှဲသွားတဲ့ အချိန်ဆို ရှောင်းကျန့်က ခွိကတည်း ထရယ်တတ်သေးတယ်

ရိပေါ်ကလည်း သူ့ကလေးမျက်နှာ တစ်ကမ္ဘာမို့ သူ့ကလေးလေး ပြုံးနေရင်ပြီးရော ထိုင်ကြည့်နေတယ်

ရှောင်းကျန့် စိတ်ထဲမာတော့ သူ့သူငယ်ချင်းနဲ့ အကိုကြားမှာ ဘယ်လို အောင်သွယ်လုပ်ရမလဲ စဉ်းစားခန်းဝင်နေသည်
...........

ရိပေါ် ကုတင်ပေါ်မှာ အိပ်ပျော် နေသော သူ့ကလေးလေးကို ပြုံးပြီးကြည့်နေတယ်

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now