ကျွန်တော်ချစ်သောကိုကို (Extra End)

11.3K 399 26
                                    

ရိပေါ် ရှောင်းကျန့်နဲ့ သားတွေကိုခေါ်ပြီး စံအိမ်ကို ပြန်လာတော့တယ် ကလေး တော်တော်မော သွားလောက်ပြီ သူ့သားအတွက် လူလန့်တက်တဲ့ ကလေးက စွာတေးလေး ဖြစ်သွားတယ်လေ နှစ်ယောက် တစ်ယောက်ကို ရအောင် ယှဉ်ပြောနိုင်တယ် တစ်ကယ့် စွာတေးလေး အတိုင်းပဲ သူ့ကိုကိုလာတော့ စိတ်လျှော့လိုက်တယ် ထင်ပါရဲ့ ရင်ခွင်ထဲ ဝင်ပြီး ကလေးလေးလို တိုင်ပြောတော့တာပဲ
သားလေးတို့ကို ကားနောက်ခန်းထဲ ထိုင်ခိုင်းပြီး ခါးပတ်ပတ်ပေးလိုက်ပြီး driver seat မှာ နေရာယူလိုက်တယ် ကလေးကိုပြန်ကြည့်တော့ ခါးပတ်ပတ်မထား
ကိုယ်တိုင်ပဲ ခါးပတ်ပတ်ပေးလိုက်တော့တယ် ရီကျန့်လေးနဲ့ ရိရှောင်းလေးကလည်း သူတို့ပါးပါးကို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေကြတယ်
"ငယ်.. လန့်နေသေးတာလား"
"ငယ် အဆင်ပြေပါတယ်ကိုကို "
"ငယ် အဆင်ပြေရင်ရပြီ ကိုကို ကြည့်နေတာ ကိုကို့ရဲ့ငယ်က သားလေးရှေ့က ရပ်တည်နေတာ သူရဲကောင်း အတိုင်းပဲ"
"ငယ်က ကိုကိုရှေ့မှာမို့ ကလေးဆန်တာပါနော် သားလေးတွေ အတွက်ဆို အမြဲတမ်း ငယ်က သူရဲကောင်းပဲ"
"ဟုတ်ပါပြီကွာ ကလေးသူရဲကောင်းလေးကို ချစ်လိုက်တာ မွ"
"ဟာကိုကို ကလေးတွေရှိနေတာကို "
"မရှက်ပါနဲ့ ပါးပါးရဲ့ သားနဲ့ ရိရှောင်းနဲ့ ဘာမှ မမြင်လိုက်ပါဘူး"
ရီကျန့်လေးက သူ့မျက်နှာလေးနဲ့ ရိရှောင်းမျက်နှာလေးကို လက်သေးသေးလေးတွေနဲ့ အုပ်ရင်း သူ့ပါးပါးကို လှမ်းစတော့ ငယ်လေးက ရယ်နေတယ်
သားလေးတွေ ရှိနေပြီတောင် အခုထိ အရှက်သည်းနေတဲ့ သူ့ရဲ့ အသည်းအသက်လေး
ကားလေးကို အိမ်ဆီ အမြန်ရောက်အောင်သာ မောင်းခဲ့လိုက်တော့တယ်

"ရီကျန့် ရိရှောင်း အဝတ်အစားတွေ လဲရအောင်လာ "
"ကိုကို ငယ် သားတို့ကို အဝတ်အစား လဲပေးလိုက်ဦးမယ်"
ကားထဲက ထွက်ထွက်ချင်း သားလေးတွေကို ခေါ်သွားကာ အိမ်ထဲအရင် ဝင်သွားတဲ့ ရိပေါ်ရဲ့ အသည်းအသက်လေး သူသိတာပေါ့ ခုနက ကိစ္စကို အရှက်မပြေသေးတာ ရိပေါ်လည်း အခန်းထဲသာ အရင်ဝင်နှင့်လိုက်ပြီး ယုန်လေးအလာကို စောင့်နေလိုက်တော့တယ်
*ဂျောက်.. *
"ဟင် ကိုကို မအိပ်သေးဘူးလား"
"အင်း ကိုကို စားချင်တာရှိလို့ စောင့်နေတာ"
"ကိုကိုက ဘာစားမှာလဲ ငယ်သွားယူပေးမယ်လေ "
"ကိုကိုက ယုန်သားစားချင်တာ"
"ယုန်သား.... ဒီမှာရလို့လား ကိုကိုရ"
"ရတယ် ကိုကို့မျက်စိရှေ့မှာတင် ယုန်လေးက"
"ဟင် ဘယ်မှာ....... အားကိုကို ဘာတွေပြောနေမှန်းလဲမသိဘူး"
အတည်ပေါက်နဲ့ နောက်လိုက်တော့ ယုန်ကိုလိုက်ရှာနေရင်း သဘောပေါက် သွားတဲ့ ငယ်က သူ့အသံ စွာစွာလေးနဲ့ ထအော်တော့သည်
ရိပေါ် တံခါးကို ချက်ချရင်း ယုန်လေးကို နောက်ကျောကနေ သိုင်းဖက်လိုက်ပြီး
"ဟုတ်တယ် ငယ်ရဲ့ ကိုကိုကလေ ကျန့်ကျန့်ဆိုတဲ့ ယုန်လေးကို စားချင်တာ"
"ကိုကိုရာ မလုပ်ပါနဲ့နော် သားသားတို့က ခုမှ အိပ်ခါစ တော်ကြာ သားသားတို့ နိုးသွားလိမ့်မယ်"
"မပူနဲ့ ကလေး ဒီအခန်းက အသံလုံတယ်"
"အာ့ဆိုလည်း နောက်မှ နောက်မှလေနော် ငယ်..... အာ့ ကိုကို"
ရှေ့ကနေ အကြောင်းပြချက် ပေါင်းစုံ ပေးနေတဲ့ ယုန်လေးရဲ့ နားသယ်စပ်လေးကို ငုံ့နမ်းလိုက်တော့ ထွက်လာတဲ့ ကလေးရဲ့ ညီးသံလေး
မရတော့ စိတ်တွေကို အကုန်သာ လွှတ်ပေးလိုက်တော့တယ်
ကလေးကို မိမိဘက် ဆွဲလှည့်ပြီး နှုတ်ခမ်းဖူးဖူးလေးကို ဆွဲနမ်းလိုက်တယ် အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူပြီး လျှာလေးနဲ့ ထိုးလိုက်တော့ ကလေးက အလိုက်သင့် ပါးစပ်လေးကို ဟပေးလေတယ်
အချိန်တော်ကြာ နမ်းနေပြီး ကလေးလက်ကလေးနဲ့ ရင်ဘတ်ကို အသာလာတွန်းမှ နှုတ်ခမ်းကနေ နေရာပြောင်းကာ လည်ပင်းကို ဆင်းပြီး အမှတ်အသားတွေ ပေါ်သည်အထိ နှုတ်ခမ်းနှစ်လွှာနဲ့ ဆွဲစုပ်နေသည်
"အွန်း..... ကိုကို.. .. အ..... အ... "
"ငယ် ကိုကို့ကို ခွင့်ပြုပေးနော်"
ခွင့်ပြုချက် တောင်းလိုက်တော့ ရှက်ပြုံးလေးနဲ့ ခေါင်းညိမ့်လာတဲ့ ငယ်
ငယ့်ဆီက ခွင့်ပြုချက်ရတာနဲ့ အချစ်ကမ္ဘာထဲကို နှစ်ယောက်အတူ ဝင်ရောက်သွားတော့သည် (သာသာ ဘာမှသိဘူးနော်🙈🙈)
...........
မနက်ခင်းရဲ့ နေရောင်က လူသားနှစ်ဦးအပေါ် ဖြာကျနေသည်
နေရောင်နဲ့အတူ ရိပေါ်ရင်ခွင်ထဲက ယုန်ဖြူလေးလည်း လှုပ်နိုးလာပြီ
"ကိုကို ငယ့်ကို လွှတ်ပေးဦး သားသားတို့အတွက် မနက်စာ လုပ်ပေးရဦးမယ်လေ"
"မွ ချစ်လိုက်တာ ငယ့်ကို..... သားတို့အတွက် ကိုကိုပဲ ပြင်ပေးလိုက်တော့မယ် ငယ်ကအိပ်နေဦး ဟုတ်ပြီလား "
"ဖြစ်ပါ့မလား..... "
"ဖြစ်ပါတယ်ငယ်ရဲ့ ငယ်ပင်ပန်းထားတယ်လေ အိပ်လိုက်ဦး အကုန်လုံးကျက်မှ ကိုကို လာနှိုးလဲ့မယ် ဟုတ်ပြီလား"
"အင်းအင်း အာ့ဆို ငယ်အိပ်ပြီနော်.. "
သူ့ကြောင့် ပင်ပန်းထားတဲ့ ငယ့်ကို ပလုပ်တွေ မခိုင်းရက်ပါ ငယ့်ရဲ့ ပါးအိအိလေးကို တစ်ချက်မွှေးကြူလိုက်ရင်း သားတို့အခန်းထဲသွားကာ ကလေးတွေကို နှိုးလိုက်ပြီး ရေချိုးပေးလိုက်သည်
ကလေးတွေပြီးတော့ သူပါ ရေတခါထဲချိုးလိုက်ပြီး မနက်စာပြင်ဖို့ အောင်ဆင်းလာခဲ့သည်
အကုန်လုံးပြီးမှ ငယ့်ကို နှိုးကာ မနက်စာ စားကြပြီး တစ်နေကုန် လျှောက်လည်ဖို့ တိုင်ပင်ကြသည်

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now