ကျွန်တော်ချစ်သောကိုကို Part(2)

18.3K 676 16
                                    

ညနေခင်းနေဝင်ဆည်းဆာရဲ့အလှကလှပလွန်းလှသည်
ဒါပေမယ့်ကောင်လေးတစ်ယောက်ကတော့
ထိုအလှအပတွေကိုမခံစားနိုင်ပဲ
သူ့ရဲ့အခန်းလေးထဲမှာပဲအိပ်မောကျနေသည်
ကျန့်ကျန့်ခရီးပန်းလွန်းလို့ရေမိုးချိုးပြီးအိပ်နေတာ
ညနေစောင်းသွားတာတောင်မသိလိုက်ပေ
ပါးနဲ့မားကလည်းသူ့ကိုလာမနှိုးကြ
ခရီးပန်းလာတာသိတော့လွှတ်ပေးထားကြသည်
သိပ်မကြာခင်မှာပဲရှောင်းကျန့်နိုးလာသည်
သူနိုးလာတာနဲ့ပတ်ဝန်းကျင်ကိုကြည့်မိတော့ညပင်ရောက်ခါနီးနေပေပြီ
သူအခန်းပြတင်းကနေလှမ်းကြည့်လိုက်ရာ
နေမင်းကြီးကသူ၏တနေ့တာအတွက်တာဝန်တွေပြီးဆုံးခါနီး၍ပျော်နေသည့်အလားပင်
သူ၏ရောင်ဝါတွေကိုအစွမ်းကုန်ထုတ်လွှတ်နေသည်
ကောင်းကင်မှတိမ်များ၏အနီရင့်ရောင်များကလောကကြီးအားလွှမ်းခြုံနေပြီး
ကျေးငှက်တို့ကပျံသန်းနေကြသည်မှာပနံသင့်လှသည်
ရှောင်းကျန့်လည်းထိုပုံရိပ်တွေကိုခဏလောက်ကြည့်နေပြီးမှအောက်ထပ်ကိုဆင်းလာခဲ့သည်

'သား...ကျန့်ကျန့်နိုးပြီလား'
'ဟုတ်ကဲ့မား
ဒါနဲ့ဘာတွေချက်နေတာလဲ
သားကူချက်မယ်လေ'
'ရပါတယ်သားရဲ့
ဒါနဲ့ကျန့်ကျန့်ကဟင်းလ ည်းချက်တတ်တာလား'
'ဟုတ်တယ်မား
အရင်ကမေမေနဲ့အတူချက်နေကြလေ
အထက်တန်းတက်တော့ဒီမှာပဲတတ်တာဆိုတော့
ချက်စားလို့အဆင်ပြေအောင်သင်ထားတာ'
'ဒါလည်းကောင်းတာပဲ
ကိုယ့်ဘာသာချက်စားတာဆိုတော့
ကိုယ်ကြိုက်သလိုစားလို့ရတယ်လေ'
'ဟုတ်တယ်
နောက်ရက်ကျမသားချက်ကျွေးမယ်နော်'
'ကောင်းပါပြီကွယ်
မင်းကိုကိုကတော့လေ
ချက်ကျွေးဖို့မပြောနဲ့
သူ့ဘာသာချက်စားခိုင်းရင်တောင်မှ
ဒါကသားတို့အလုပ်မဟုတ်ဖူးလို့ပြောသေးတာ
ဒါတောင်မားတို့ကမနဲသင်ခိုင်းထားလို့အချက်ပြုတ်ကိုတတ်ရုံလေးသူသင်ထားတာ'
'သြော်.....
ဒါဆိုကိုကိုလည်းဟင်းချက်တတ်တယ်ပေါ့'
'ဒါနဲ့လေမား.....ကိုကိုကပြန်လာသေးဘူးလားဟင်'
'သားရောက်ကတည်းကသူ့ကိုတွေ့ရသေးဘူး'
'သားကအာ့လိုပဲ'
'ညစာစားချိန်ရောက်မသူကအိမ်ကိုအမှတ်ရတာ'
'ဘယ်တော့မှအိမ်ကိုစောစောပြန်လာတယ်လို့မရှိဘူး'
'ဟုတ်မား
ဒါဆိုသားကြာကန်နားခဏသွားလိုက်ဦးမယ်နော်'
'အေးသား
ရေထဲကျမယ်သတိထားနော်'
'ဟုတ်'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now