ကျွန်တော်ချစ်သောကိုကို (29)

8K 418 21
                                    

လူရှုပ်နေတဲ့ လေဆိပ်မှာ Zhao Chan ကို ရှာနေရလို့
ရှောင်းကျန့် မောနေပေပြီ

ဒီနေ့မှ ကိုကိုက အစည်းအဝေးရှိလို့ဆိုပြီး သူနဲ့ လိုက်မလာနိုင် ဒီတော့ သူတစ်ယောက်ထဲ လေဆိပ်မှာ ချာချာလည်နေတော့သည်

'ဝေ့.....Zhao Chan မင်းဘယ်မှာလဲ'

..........

'အေး ငါလာပြီ '

ဖုန်းဆက်ပြီး သူရှိတယ်ဆိုတဲ့ နေရာကို သွားလိုက်တော့သည်

'Zhao Chan မင်းက ဘာလို့ ဒီရောက်နေတာလဲ
ငါ့ဟိုမှာ ရှာနေတာကြာနေပြီ လူကို ဖတ်ဖတ်ကိုမောနေတာပဲ'

'Sorry ငါလည်း မင်းကိုမတွေ့တာနဲ့ ဒီဆိုင်မှာ လာထိုင်နေတာ ဖုန်းဆက်တော့မလို့ မင်းက အရင်ဆက်လာတာ'

'အေးပါ ကဲ လာ ပြန်ကြမယ် ဒါနဲ့ မင်းအိမ်က ဘယ်သူမှမလာဘူးလား'

'သိတယ်မို့လား ပါးအကြောင်းလည်း သူ့အတွက် အမြဲတမ်း အလုပ်က ဦးစားပေးပဲ 😔'

'ကဲပါကွာ အာ့တာတွေ တွေးမနေပါနဲ့ လာပြန်ကြမယ်
ဒါနဲ့လေ Hai Kuan Ge လည်း ပြန်လာမယ်လို့ကြားတယ်'

Hai Kuan Ge ဆိုတဲ့ နာမည်လေးလည်းကြားရော Zhao Chan မျက်လုံးလေးတွေ ဘလင်းဘလင်း ဖြစ်သွားပြီး

'သေချာလား Ge ပြန်လာမယ်ဆိုတာ အတည်လား မင်းကို ဘယိသူပြောတာလဲ'

'ဘယ်သူရှိရမှာလည်း ငါ့ကိုကို ပြောတာပေါ့ မင်းကလည်း သူ့ညီတစ်ယောက်လုံး ပြောတာကို ယုံလိုက်စမ်းပါ( လိမ်ပြီ ဒီကလေး😂')

'Aww...'

'Aww တဲ့လား '

Zhao Chan မှာ မိမိစကားကို သံယောင်လိုက်ပြီး ပြီတီတီမျက်နှာပေးနဲ့ ခေါင်းတညိမ့်ညိမ့် လုပ်နေသော အမောင်ငနဲကို နရင်းတစ်ချက်ပိတ်ရိုက်ရင်း

'ဘာလဲ အဲ့မျက်နှာပေးက ဘာဖြစ်တေတာလဲ'

'ဒါများ အသာမေးလဲ ရပါတယ်ဟ ဘာကိစ္စလက်ပါတာလဲ မင်းကို ငါ့ကိုကိုနဲ့ ပြန်တိုင်ပြောမယ်'

'အမလေး ကြောက်ကြောက်ရချီသေးရဲ့ 😏'

ပြောလို့သာပြောတာပါ ဝမ်ရိပေါ်ဆိုတဲ့ လူကို သူကြောက်ပါသည်

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now