ကျွန်တော်ချစ်သောကိုကို(28)

8.2K 467 18
                                    

အချိန်တွေက တဖြေးဖြေးနဲ့ ကုန်လွန်လာပြီ အခုဆို သူတို့အကုန်လု့း ကျောင်းပြီးကုန်လို့ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ တာဝန်ယူနေရပြီ

အကုန်လုံးက အခြေကြီးတွေမို့ ကို့စီးပွားရေးကို လေ့လာနေကြရပြီလေ

ကျောင်းပြီးကတည်းက သူတို့လည်း မဆုံဖြစ်ကြတော့တာ
အကုန်လုံးက အလုပ်ကိုစီနဲ့ပေမယ့်

အေးဆေးနေသော တယောက်ထဲသော သူကတော့ သခင်လေး Xiao Zhanပါပေ

Yi Boက ကုမ္ပဏီအလုပ်တွေ ဝင်လုပ်နေပြီဆိုပေမယ့် သူ့ကိုတော့ အိမ်မှာ ပိုးမွေးသလို မွေးထားကြတယ်လေ

ကျောင်းပြီးသွားလို့ အိမ်ကို ကူပါ့မယ်ပြောတာတောင် လုံးဝ မလုပ်ရဆိုသော ချစ်ယောက်ျားကြီးရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် သူ့အိမ်မှာ အခန့်သား ထိုင်စားနေရတယ်

ပါးတို့ကိုပြောတော့လည်း သူတို့က ဒီနေရာမှာကြမှ ချစ်လှစွာသော သားမက်လေးရဲ့စကားကို အသက်ပင်သေသေ ငြင်းမယ်လို့များ သစ္စာဆိုထားသလားမသိ လုံးဝဘူးခံနေတယ်

ဒီတော့လည်း အမောင် Xiao Zhanလေးမှာ အိမ်မှာ အားယားနေတော့တယ်

တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ လုံးလုံးလေးဖြစ်လာပြီ
နဂိုကမှ ယုန်လေးနဲ့တူပါတယ်ဆို အခုလို လုံးလုံးလေး ဖြစ်နေပြန်တော့လည်း ယုန်ဖတ်တီးလေးလိုပဲ ဖြူဖြူလုံးလုံးလေးနဲ့ ချစ်စရာလေးပါပဲ
တစ်နေ့တစ်နေ့ အိမ်မှာနေရင်း မားကို ကပ်ချွဲလိုက် Yi Boပြန်လာတဲ့ အချိန်ဆို သူ့ယောက်ျားကြီးကို ကပ်ချွဲလိုက်နဲ့ သူ့ဘဝက သာယာနေပေသည်

Yi Boဆိုသည်မှာလည်း ချွဲစိန်လေးအား ချစ်လိုပင် မဝတော့ပါပေ တစ်နေ့တစ်မျိုး မရိုးအောင် ချွဲနိုင်သော သူလေးအား ဘယ်သူမှ မမြင်နိုင်အောင်သာ ဖွက်ထားချင်မိတော့သည်

'Ring ......... Ring'

'ဝေ့...'

Xiao Zhan '

Xiao Zhan တစ်ယောက် ဖုန်းသံကြောင့် အိပ်ချင်မူးတူးနဲ့ ထလာပြီး တစ်ဖက်က အသံလည်းကြားတော့ ထထိုင်လိုက်မိတော့သည်

ဘေးက အိပ်နေတဲ့ Yi Boလည်း Xiao Zhanကြောင့်ဲိနိုးလာတော့သည်

'ငယ် ဘယ်သူလဲ'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now