ကျွန်တော်ချစ်သောကိုကို part(15) ကြှနျတျောခဈြသောကိုကို part(15)

8.7K 489 17
                                    

ကျောင်းဆင်းတဲ့အချိန်မှာတော့ အမောင်ရှောင်ကျန့်တစ်ယောက် ဒုက္ခနဲ့လှလှတွေ့ရှာပေပြီ နှင်းဆီပန်းတပုံတပင်ကြီးကို သူဘယ်လိုလုပ်ရမလဲ စဉ်းစားမရ

စာသင်နေတုံးက အတန်းနောက်ဆုံးမှာသွားပုံထားလို့ရသေးသည် ဒီကြားထဲ တချို့ကို တီချယ်တေကိုပေးလိုက်သေးသည်

အခုတော့ဘယ်လိုလုပ်ရမယ်မသိတော့ ပြန်သယ်သွားရင်လည်း ကိုကိုကမေးဦးမယ် လွှင့်ပစ်ပြန်ရင်လည်းနှမြောစရာကြီး ဟူး......ငါလေးစိတ်လေတယ်နော်😤😤

'ကျိုးချန် ယွီပင်း မင်းတို့ငါ့ကိုကူညီပါ့လားဟင်'

'ငါတို့ကဘာကူညီရမှာလဲ ဘာလဲ အာနှင်းဆီပန်းတေသယ်သွားခိုင်းမှာဆို နိုးပါနော် ကိုယ့်ကိစ္စကိုရှင်း'

'အားချန်ချန်ချန်... ငါ့ကိုကူညီပါကွာ ငါလေးသေးသေးက ဒီပန်းတေအိမ်သယ်သွားလို့မရလို့ပါကွာ နော် နော် နော်လို့ '

'ငါလည်းသယ်သွားလို့မဖြစ်ဘူးဟ ယွီပင်းမင်းရော'

'ငါလား ငါလည်းအကုန်သယ်လို့တော့မရဘူးကွ တချို့တော့သယ်သွားပေးမယ် ငါ့မမဖို့လက်ဆောင်ဆိုပြီးတော့
'ရတယ် ရတယ် မင်းကပန်းစီးတချို့ယူသွား ငါက ဘူးလေးရယ် ပန်းအိုးလေးရယ် ပန်းစီးတစ်ခုရယ်ယူသွားမယ် ကျန်တာတေတော့သူများတေပေးပစ်လိုက်မယ်ကွာ '

'အေးပါ မင်းအဆင်ပြေသလိုသာလုပ် '
'ရှုပ်တုံးကရှုပ်ထားပြီး အခုမ အရပ်ကယ်ပါ လူဝိုင်းပါလုပ်နေတာ'

'Yaaaaaaaaa! ဝမ်ကျိုးချန် မင်းနော်မင်း....ဟင်း....'

'မဟုတ်လို့လား..🙄🙄'

'မဟုတ်ရပါဘူးကွာ ငါလေးကလေ ကျောင်းဖွင့်ကတည်းက မင်းတို့ပဲရှိတာပါဆို မဟုတ်ပါဘူးဆို အဟင့် အဟင့်😭😭😭'

'အာ ရှောင်းကျန့် မငိုနဲ့လေ ငါတို့မပြောတော့ဘူးနော် မစတော့ဘူး ဟုတ်ပြီလား'

သူတို့လည်း ပန်းပွင့်တော်တော်များများကို ကောင်မလေးတေကိုပေးရင်း အလုပ်ရှုပ်နေတော့တယ်

ဒီအချိန် ဝမ်သခင်လေးကတော့ သူ့ယုန်ပေါက်ကိုချောင်းကြည့်ဖို့ဆိုပြီး အခန်းထဲကို နောပ်ပေါက်ကနေချောင်းနေလေရဲ့ ပြီးတော့မျက်နှာကလည်း အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံးလိုဖြစ်နေတာမို့ ဖန်ရှင်းနဲ့ဟောက်ရွှမ်းခမျာ ပြေးပေါက်သာရှာနေတော့တယ်

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now