ကျွန်တော်ချစ်သောကိုကို (22) Unicode

7.5K 169 4
                                    

ဝေ့ရင်းတို့ ကျောင်းတက်လာတာ ဒုတိယနှစ်ပြီးသွားပြီ အချိန်တွေသာ ပြောင်းလဲသွားပေမယ့် သူတို့ကတော့ မပြောင်းလဲသေး

အဲ တစ်ခုတော့ ပြောင်းလဲသွားတာရှိတယ် အဲ့တာက Yi Bo ရဲ့ အစ်ကိုဝမ်းကွဲ Lai Hai Kuan လဲ သူတို့နဲ့အတူ ကျောင်းလာတက်သည်

သူက US မှာ ကျောင်းတက်တက်နေရင်းက ဘာစိတ်ကူးထ‌ေပါက်လဲမသိ China ကိုပြန်ရောက်လာသည်

China ရောက်တော့ Yi Bo တို့အိမ်မှာပဲနေကာ ကျောင်းဆက်တက်သည် သူက နောက်ဆုံးနှစ် Yi Bo တို့နဲ့ Majorတူ သူကတော့ Xiao Zhan နဲ့ Yi Boတို့အကြောင်း သိပေမယ့် အံသြမသွား USမှာက ဒါတွေကို အမြဲတွေ့နေရတာမဟုတ်လား

ပြီး‌တော့ သူက Zhan Zhan ကို ခယ်မလေး လို့ခါ်ပြီးလည်း စတတ်သေးတယ် သူအဲ့လ်ုစချိန်ဆို Xiao Zhan နေစရာနေရာမရှိ

မျက်နှာတေနီရဲလာပြီး ရောက်ရာအရပ်ကနေ အခန်းထဲပြေးဝင်တော့တာ

အဲ့အချိန်မျိုးဆို Hai Kuan က အော်ရယ်ပြီးကျန်ခဲ့တော့သည်

.......ကိုကိုတို့အိမ်ကို Hai Kuan Ge ရောက်လာကတည်းက ကျတော့်မှာ နေစရာမရှိတော့တာ

...... တွေ့ရင်တွေ့သလို ခယ်မလေး နဲ့ လိုက်ခေါ်နေတာ အမြင်ကတ်စရာကြီး

..... .တော်သေးတာက ကျောင်းမှာမစလို့ မဟုတ်ရင် ကျတော် ကျောင်းသွားရဲမှာမဟုတ်တော့

....ကိုကိုကတော့ ချစ်သူတွေဖြစ်ပြီးကတည်းက ကျတော့်ကို အရမ်းဂရုစိုက်သည်

......ကျတော့်ကို သုံးနှစ်သား ကလေးလေးများ မှတ်နေလားမသိဘူး

......ချစ်သူသက်တမ်း ဒါမှမဟုတ် အိမ်ထောင်သက် သုံးနှစ်အတွင်းမှာ ကိုကို့အချစ်တွေ ကိုကို့ဂရုစိုက်မှုတွေကြောင့် ကျတော်ပျော်ရွှင်ရပါတယ်

....ကိုကိုက ကျတော်ခွင့်မပြုပြ ဘာမှမလုပ်

......ကျတော်အဆင်သင့်မဖြစ်သေးဘူးလို့ ပြောထားလို့ သူ့ ဆန္ဒ တွေကို ချိုးနှိမ်ရှာတယ်

....ဒီသုံးနှစ်အတွင်း အနမ်းနဲ့ပဲ ကျေနပ်ရှာတယ် အတင်းအကြပ် ရယူတာလဲမရှိဘူး

......ကျတော်ကံကောင်းပါတယ် ကိုကို့လိုချစ်သူမျိုးကို ပိုင်ဆိုင်ခွင့်ရလို့လည်း ပျော်ပါတယ်

'ကလေးရေ ကိုကို့အဆိုးလေးရေ ကျောင်းသွားရမယ်လေ ထဦး'

ဟီးဟီးကြားရပါပြီ ကျတော့်အိမ်ဦးနတ်ရဲ့အသံ ကျောင်းသွားဖို့
ကျတော့်ကို လာနှိုးတာ

ကျတော်နိုးနေတာကြာပါပြိ က်ုက်ု့အရင်နိုးတာ သုံးရက်လောက်ရှိပြီ

...အရင်ရက်တေတုံးက ကျတော်နိုးလဲမထသေး ကိုကိုနိုးလာရင် ဘာဆက်လုပ်မလဲသိချင်လို့ အိပ်ချင်ယောင်ဆောင်နေတာ

....ကိုကိုကနိုးလာတော့ ကျတော့်နဖူးလေးကိုနမ်းပြီး သူ့ဘာသာထသွားတယ်

.....ရေချိုး အဝတ်အစားလဲပြီးမှ ကျတော့်ကို လာနှိုးတာ နှိုးတာလည်းရိုးရိုးမနှိုးဘူး တစ်ခါနှိိုးလိုက် တစ်ခါနမ်းလိုက်နဲ့

ကိုကိုကလေ အားနေအသားယူဖို့လောက် ကြံနေတာ

အခုလည်း မထမချင်း လာနမ်းနေတာ ဒါပေမယ့် ကျတော် ဒီအခြေအနေကိုကြိုက်တယ်

ဒါကြောင့်လဲ အိပ်ချင်ယောင်ဆောင်နေတာ ခ်ခ် ဘာပဲဖြစ်ဖြစ် နေ့ရက်တိုင်း ဒီလိုနိုးထာရတာကိုကြိုက်တယ်

ချစ်သူ့ရင်ခွင်ထဲ ခိုဝင်ပြိး အိပ်ယာဝင်ရတဲ့ ညတေကိုလည်းကြိုက်တယ်

ကျတော့်ဘဝမှာ ဘာမှမလိုအပ်တော့ပါဘူး ကျတော့်ကို အရမ်းချစ်တဲ့လူရှိတယ်လေ သူ့ကိုပိုင်ဆိုင်ရတာကိုက ကျတော့်အတွက် ပျော်ရွှင်စရာပါ ကျတော့်ဘဝမာ အရာရာ ပြည့်စုံနေပါပြီ

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now