ကျွန်တော်ချစ်သောကိုကို(35)

7.1K 341 14
                                    

ရိပေါ် ကလေးအိပ်ပျော်နေတဲ့ သူတို့နှစ်ယောက်ရဲ့ အခန်းစီ တက်လာခဲ့သည်

ကလေးစိတ်ဆိုးမှာကို အသေကြောက်တာမို့ စိတ်ဆိုးနေတဲ့ ကလေးကို သူချော့ရပေဦးမည်

ကိုယ်က အပြင်မှာ အန္တရာယ်များလို့ သူလေးကို မထွက်စေချင်တာကို သူလေးက အတွေးမှားပြီး စိတ်ကောက်သွားရှာသည်

စီးပွားရေး ပြိုင်ဘက်တွေ ပေါတဲ့ကိုယ့်ကြောင့် သူလေးကိုမထိခိုက်စေချင်

ကိုယ့်အတွက်ကိုယ်က စိတ်မပူပါ

တစ်ခုပဲ သူလေးကိုတော့ မှဲ့တစ်ပေါက်တောင် မစွန်းစေချင်ပါ

ဒါကြောင့်လည်း သူလေးကို အိမ်ထဲမှာပဲ အပူအပင်ကင်းမဲ့စွာ နေနိုင်ဖို့ စီစဉ်ပေးထားတာပင်

အရင် မားတို့နဲ့ အတူနေတဲ့ အိမ်ကနေ အခု ရှုခင်းကောင်းပြီး လေကောင်းလေသန့်ရတဲ့ နေရာကိုပြောင်းပြီး

ခြံကျယ်တစ်ခြံဝယ်ကာ ကလေးအတွက် ကိုယ်တိုင် designဆွဲကာ စီစဉ်ပေးခဲ့သည်

ရေကြိုက်တဲ့ကလေးအတွက် ရေကူးကန်တစ်ခုကိုအိမ်ရှေ့မှာ ထားထားပေးသည်

အိမ်နောက်မှာ ညနေကလေး လမ်းလျှောက်လို့ ရအောင် ဥယျာဉ်လေးနဲ့

အပန်းဖြေနိုင်အောင် ခြံငယ်လေးတစ်ခု ထည့်ထားပေးသေးသည်

ကုမ္ပဏီ နဲ့ နဲနဲလှမ်းပေမယ့် ကလေးက ဒီနေရာလေးကို ကြိုက်တယ်ဆိုလို့ ဒီနေရာလေးမှာပဲ နေဖြစ်သည်

ခြံအနောက်ဘက် ဥယျာဉ်နားလေးမှာ ဘောလုံးကွင်း အသေးစားလေးပါ ထည့်ထားသေးသည်

ခြံအနောက်ဘက် ဥယျာဉ်နားလေးမှာ ဘောလုံးကွင်း အသေးစားလေးပါ ထည့်ထားသေးသည်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ကျွန်တော်ချစ်သောကိုကို(completed)Donde viven las historias. Descúbrelo ahora