. 5 .

18.7K 2.1K 63
                                    

[Zawgyi]

ရှောင်ကျန့် ..
အဲဒီလူရဲ့ အဝေးမှာရောက်နေရတဲ့ နှစ်ပတ်ဆိုတဲ့ အချိန်က ရိပေါ် အတွက်တော့ ပုံမှန်ထက်ပိုကြာလွန်းခဲ့တယ်...

အလုပ်ထဲစိတ်နှစ်မိတဲ့နေ့တွေတိုင်း ညဘက်တွေမှ အနားရတဲ့ သူက ညဘက်ဖုန်းဆက်ရင်မကြိုက်တတ်တဲ့ ရှောင်ကျန့်ကို ဘယ်အခြေအနေတွေမှာဖြစ်ဖြစ် အရှုံးပေးထားမိနေပြန်တော့ အလွမ်းတွေက အဆအဆပဲ...

ဖြစ်နိုင်ရင် အဲဒီလူကို စိတ်ရှိလက်ရှိဖက်ပစ်ပြီး ဘယ်လောက်လွမ်းရကြောင်းတွေ ပြောပြချင်တယ်..

ရင်ခွင်ထဲထည့်ပြီး ကျွန်တော့်ကိုရော လွမ်းရဲ့လားဆိုပြီး တတွတ်တွတ် မေးကြည့်ချင်တယ်..

ပြန်ရောက်လို့ အတိုးချပြီး ထိုင်ငေးကြည့်မိတဲ့အခါ သူ့မျက်လုံးတွေထဲကို ပြန်ကြည့်ပေးဖို့လဲ တောင်းဆိုကြည့်ချင်တယ်...

စိတ်ကူးတွေကတော့ အရမ်းလှတယ်..

သူကြားဖူးတဲ့ ဟိုစာတပိုဒ်လိုပဲ..
စိတ်ကူးတွေတော့ ရှိတယ်
မျှော်လင့်ချက်တွေတော့ မရှိပါ ပေါ့.. ။

.

.

ဘုရားတရားသိပ်မလုပ်မိတဲ့ ဝမ်ရိပေါ်က တခါတရံလဲ ကံဆိုးတတ်တယ်ထင်ပါရဲ့ ...

သူပြန်ရောက်တဲ့အချိန်မှာ ရှောင်ကျန့်က ဘယ်နှရက်ကြာမယ်မှန်း မရေရာတဲ့ ခရီးတစ်ခုကို ထွက်သွားခဲ့တယ်တဲ့..

အလုပ်ကိစ္စမဟုတ်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဆိုတာကလွဲပြီး ကျန်တာဘာမှမသိခဲ့ရတဲ့ ဝမ်ရိပေါ်က ရှောင်ကျန့်နဲ့ အတူတူသွားတဲ့သူတွေကိုတော့ သိခဲ့ရတယ်..

ကျန်းချန် နဲ့ ကျန်းလီ တဲ့..

ကျန်းချန်ကို သူ သိနေပေမယ့် ကျန်းလီဆိုတာက ကျန်းချန်ရဲ့ အစ်မဆိုတဲ့တစ်ခုက လွဲပြီး သူမသိခဲ့ရဘူး..

ရှောင်ကျန့်နဲ့ ဘယ်လိုဘယ်ပုံပတ်သတ်မှုကိုရောပေါ့...၊

စိုးစိတ်တွေက ကူးစက်တတ်တယ်ထင်ပါရဲ့..
သူ တစ်စုံတခုကို ထည့်စဉ်းစား ဖို့မေ့နေခဲ့တယ်ဆိုတာ သတိရလိုက်မိတာပဲ...

ယောက်ျားလေးနှစ်ယာက်ရဲ့ ပတ်သတ်မှုကို သူ့ရဲ့ကော က ဘယ်လို သတ်မှတ်ထားခဲ့သလဲ ???

Before I Let You GoWhere stories live. Discover now